Subscribe to our RSS Feed

ငွေကြေးအလွဲသုံးစားမှု၊ အဂတိ လိုက်စားမှု၊ သတင်းသမားဖိနိပ်မှု နာမည်ကြီးနေသော DVB သတင်းဌာနတွင်း အထက် နှင့်အောက် မပြေလည်မှု အမြင့်ဆုံးအခြေအနေထိ ရောက်ရှိလာ


နော်ဝေနိုင်ငံ ရဲ့ ပေးစာ ကမ်းစာ စားသောက်ပြီး ရပ်တည်လျှက်ရှိသော အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (DVB) ရုပ်မြင်သံကြား တွင် ရုံးချုပ်မှ မသမာမှုများ၊ အဂတိ လိုက်စားမှုများ ကို မကြေနပ်ကြသဖြင့် မြန်မာနိုင်ငံအတွင်းရှိ DVB သတင်းထောက်များအား လုံးက သတင်းမတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

အဆိုပါဆုံးဖြတ်ချက်ကို ရန်ကုန်အခြေစိုက် DVB သတင်းထောက် အယောက် ၃၀ အပါအ၀င် မြန်မာ တစ်နိုင်လုံးရှိ DVB Citizen journalist (CJ) များပါ ထောက်ခံခဲ့ကြကြောင်း သိရပြီး လွှတ်တော်သတင်း ဗွီဒီယိုကလစ်များကို လုံးဝ မပို့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ သားတင်းသမား များသည် အစိုးရထံသို့ သတင်းသမား အခွင့်အရေးများကို ဆက်တိုက်တောင်းဆိုနေသော်လည်း ၎င်း တို့ကိုယ်တိုင်ကတော့ အခွင့်အရေးအပြည့်မဝ မရကြသေးပေ။ ထို့ကြောင့် ရန်ကုန်အခြေစိုက်DVB သတင်းထောက်များက ဒီကနေ့ အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြသာနာ ဖြစ်ရသည့် အကြောင်းအရင်း နှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများကို နော်ဝေ နိုင်ငံ အော်စလိုမြို့ရှိ DVB ရုံးချုပ်သို့ အီးမေလ်ပို့ထားပြီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း DVB သတင်းဌာနအတွင်း ပြည်တွင်းသတင်း လုပ်ငန်းမှာ ငွေကြေး အလွဲသုံးစားမှု ရှိကောင်းရှိနိုင်တယ် ဆိုပြီး ဒီဗွီဘီက ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။

၂ဝ၁ဝ ခုနှစ်အတွင်း ဒီဗွီဘီ ပြည်တွင်း အသုံးစရိတ်တွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်း၊ မြန်မာကျပ်ငွေနဲ့ ဆိုရင် သိန်း ၃ ထောင်ခန့် အလွဲသုံးစားမှု ရှိနိုင်တဲ့အချက်ကို အုပ်ချုပ်ရေးဘုတ်အဖွဲ့က သိရှိပြီး စစ်ဆေးမှုတွေလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာတဲ့ စစ်ဆေးမှု မဟုတ်ခဲ့သလို တရားခံကိုလည်း ထုတ်ဖော်ကြေညာခြင်း မရှိခဲ့ပါဘူး။

ပြဿနာတွေ ဆက်တိုက် ဖြစ်လာပြီးနောက် အမှုဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် နဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့ နှစ်ဦး အလုပ်ထုတ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာေ ငွကြေး အလွဲသုံးစားမှုများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့က ဒီဗွီဘီရုံးကိုတောင် ပိတ်ခဲ့ရဖူးပါတယ်။

ဒါ့အပြင် DVB သတင်းဌာနဟာ ၂၀၀၇ ခုနှစ်ကလည်း သတင်းလိမ်ညာ ထုတ်လွှင့်မှုတွေ လုပ်ခဲ့သလို Burma VJ ဆိုပြီး လုပ်ကြံ ဇတ်ကားတွေလည်း အချိန်ကုန်ခံ ရိုက်ကူးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။

နော်ဝေ အခြေစိုက် DVB သတင်းဌာနဟာ ၎င်း တို့ကိုယ်တိုင် သတင်းဌာန လေး တစ်ခုအတွင်းမှာတင် လဘ်စားမှု၊ ငွေကြေး အလွဲသုံးစားလုပ်မှု၊ သတင်းသမား အခွင့်အရေး အပြည့်အဝ မရရှိမှု၊ အဂတိ လိုက်စား မှုတွေ ပြည့်နှပ် နေပေမယ့် အစိုးရကိုတော့ သန့်ရှင်းစေဖို့၊ အဂတိလိုက်စားမှု ကင်းစေဖို့၊ အခွင့်အရေး အပြည့်အဝ ပေးစေဖို့ အကြောင်းတွေကို အသားပေး ထုတ်လွှင့်လျှက် ရှိပါတယ်။

Myanmar Express

7 comments:

မြန်မာနိုင်ငံအတွင်းက အဖြစ်အပျက်တွေ၊ ပြည်သူတွေရဲ့  လိုအပ်ချက်တွေကို အပြုသဘောမဟုတ်ဘဲ အပြစ်ဖို့ ဝေဖန်ဘို့ ဆိုရင် ဒီကောင်တွေထိပ်ဆုံးကဘဲ။ ပါးစပ်လေးနဲ့ ပြောတာလောက်ကတော့ စကားတတ်တဲ့ခလေးပြောခိုင်းတောင် ပြောတတ်သေးတယ်။ လက်တွေ့ လုပ်နေရတာမှာဘာအခက်အခဲတွေ လိုအပ်ချက်တွေ ရှိနေတာကို သိရက်နဲ့ ပြည်ပကကျွေးတဲ့ ချီးစားပြီး ငတ်သေမသွားအောင် သတင်းဖြစ်အောင် အတင်းတုတ်ဘို့ လောက် အဆင့်ဘဲရှိတဲ့ ကောင်တွေ။

အေးချမ်းနိုင်၊ နေဇော်နိုင် နှစ်ကောင်ကို အလုပ်ဖြုတ်၊ နိုင်ငံသားရုပ်သိမ်း ၊ ပြည်နှင်ဒဏ်ပေးပြီး ဆူဒန်ကို ပို့လိုက်၊

ဒီကောင်တွေ တိုင်းပြည်နဲ့ လူမျိုးကို ရင်းပြီး တစ်သက်လုံး လုပ်စားရှာဖွေထားတာလေးတွေ ကုန်ရော
.

မင်းတို့dvb ကကိုယ်တိုင်ကျတော့ အလကား
မကောင်းပြောတဲ့သူဆိုတာ မုသာဝါဒီသမား
မင်းတို့တဖွဲ့လုံး ပါးစပ်က အာပုတ်စော်နံမှာ
အမြင်မှန်ရစေချင်တယ်

DVB,VOA,RFA,BBC ဆိုတဲ့အသံကို မကြားချင်ဘူး
ဒါကိုဘဲ သကောင့်သားများက မိုးမလင်းသေးဘူးဖွင့်ပြီ

ကြားရတာကလဲ ဘယ်တော့မှကျက်သရေရှိတာ မပါဘူး

နားထောင်/ကြည့်တဲ့သူတွေကို သတိပေးပါရစေ

မိမိတို့ အိမ်/ဆိုင်များ ကျက်သရေရှိလိုလျှင်၊ နမိတ်ကောင်းလိုလျှင် DVB,VOA,RFA,BBC တို့အား မဖွင့်ဘဲ တရားခွေများဖွင့်ခြင်းဖြင့် ဆောင်ကျဉ်းနိုင်ပါကြောင်းးးးးးးးးးးးးးး

မကောင်းသတင်း အများဆုးံပြောတဲ့ တံထွေး သလိပ် စားတဲ့ DVB

ala kar chee ga tone yuu kyong muu kyoung shout pyaw tae kong.thida so tae kong ma lae chee htote pel.

သောက်ကျင့်မမှန်တဲ့ဟာတွေလွှင့်တာကို
ငတုံးတွေလောက်ပဲ လက်ခံနားထောင်ကြတာပဲ
ကျက်သရေမရှိ ရုပ်တွေကိုကအဆင့်မရှိဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်