Subscribe to our RSS Feed

ပုဂံရှိ စွယ်တော်လေးဆူ အတွင်းရှိ ဒေသအား Historical Park အဖြစ် အဆင့် တိုးမြှင့် သွားမည်

From : .mrtv4

ပုဂံဒေသ မှာရှိတဲ့ စွယ်တော် လေးဆူ ဖြစ်တဲ့ ရွှေစည်းခုံ ဘုရား၊ တန့်ကြည်တောင် ဘုရား၊ လောကနန္ဒာဘုရားနဲ့ တူရွင်းတောင် ဘုရား အတွင်းရှိ ဒေသတွေကို Historical Park အဖြစ် အဆင့် တိုးမြှင့် သွားဖို့ စီစဉ်လျက် ရှိတယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိမှာ အဆိုပါ စွယ်တော် လေးဆူ အတွင်းရှိ ရှေးမြန်မာမင်း အဆက်ဆက် တည်ထောင် ခဲ့တဲ့ ပုဂံဒေသ ကိုလည်း ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာအောင် တင်သွင်းခြင်း လုပ်ငန်း များကို ဆောင်ရွက် နေတာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး Historical Park အဖြစ် ဆောင်ရွက် ရာမှာတော့ မြေယာရှုခင်း အလှ ပြင်ဆင်မှုများ၊ ရှေးဟောင်း အဆောက်အအုံ များကို ညအခါ အလင်းပေး စနစ်များ၊ အနားယူ အပန်းဖြေဖို့ နေရာများ၊ လှည့်လည် ကြည့်ရှုနိုင်ဖို့ အတွက် ဘက်ဂီ ယာဉ်များ၊ ရထားလုံးများ၊ Souverior Shop များ သတင်း ပြန်ကြားရေး ဌာနများ အစ ရှိတာတွေ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်တဲ့ ဗိသုကာ အနုလက်ရာများ၊ အဆောက်အအုံများ၊ စေတီပုထိုးများ ပေါများစွာ ထည်ရှိတဲ့ ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် ဖြစ်သွားပါက ကမ္ဘာလှည့် ခရီးသွား များကို ပိုမိုဆွဲဆောင် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်