Subscribe to our RSS Feed

ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များတွင် မဟာဌာနကြီးများ ပြန်လည်ဖွဲ့စည်းမည်


From : ခေတ်လူငယ်

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်သင် တက္ကသိုလ်များတွင် လက်ရှိ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးဌာနများကို စုစည်းပြီး မဟာဌာနကြီး ခြောက်ခုဖွဲ့စည်းသွားရန် သြဂုတ်လ ၂၇ ရက်နေ့၌ မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးဆိုင်ရာ ဒေသန္တရအဆင့် ဆွေးနွေးပွဲ (အဆင့်မြင့် ပညာကဏ္ဍ) တွင် ပါမောက္ခချုပ်များက ဆွေးနွေး ဆုံးဖြတ်ခဲ့သည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ပါမောက္ခချုပ်များထံမှ စုံစမ်းသိရှိရသည်။ ဖွဲ့စည်းမည့် မဟာဌာနကြီး ခြောက်ခုမှာ ရူပဗေဒ၊ ဓါတုဗေဒ၊ ကုန်ထုတ်ဓါတု၊ ဘူမိဗေဒ၊ ပထဝီ၊ အဏ္ဏဝါသိပ္ပံတို့ ပါဝင်သည့် ရုပ်သိပ္ပံဆိုင်ရာမဟာဌာန၊ သတ္တဗေဒ၊ ရုက္ခဗေဒတို့ ပါဝင်သော သက်ရှိသိပ္ပံပညာမဟာဌာန၊ သချာင်္ဘာသာရပ်နှင့် ကွန်ပျူတာဌာနတို့ ပူးပေါင်းထားသည့် သချာင်္နှင့်တွက်ချက်မှု မဟာဌာန၊ ပထဝီဝင်၊ ခရီးသွားလုပ်ငန်း၊ သတင်းစာပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ စိတ်ပညာ၊ မနုဿဗေဒ၊ စာကြည့်တိုက်ပညာ တို့ ပေါင်းစပ်ထားသည့် အနုပညာနှင့် လူသားဆိုင်ရာ မဟာဌာနနှင့် ဥပဒေပညာမဟာဌာနတို့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရသည်။ ဖွဲ့စည်းမည့် မဟာဌာနများကို ကြီးကြပ်ရန် မဟာဌာနမှူးများကို ဘာသာရပ်ဆိုင်ရာ ဌာနများမှ ပါမောက္ခများကို အလှည့်ကျ တာဝန်ပေးအပ်ရန်နှင့် မဟာဌာနမှူးများ၏ သက်တမ်းကို ပညာသင်နှစ် ၂ နှစ်အထိ သတ်မှတ်ထားပြီး မဟာဌာနများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များမှ သီးခြားရုံးအဖွဲ့ ဖွဲ့စည်းရန်၊ မဟာဌာနများတွင် ပါဝင်သော သင်ကြားရေး၊ သုတေသနပြုရေး၊ အရည်အသွေး တိုးတက်မြင့်မားရေး အစီအမံများနှင့် သင်ကြားရေး အစီအစဉ်သစ်များကို ညှိနှိုင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန်တို့ကို သတ်မှတ်ထားကြောင်း၊ ယင်းကဲ့သို့ မဟာဌာနများ ဖွဲ့စည်းရခြင်းမှာ နိုင်ငံတကာ တက္ကသိုလ်များအနေဖြင့် မဟာဌာနများရှိမှသာ ကူညီပံ့ပိုးပေးလေ့ရှိသောကြောင့် ဘာသာရပ်တစ်ခုချင်းစီ ခွဲခြားပြီး ရပ်တည်နေသော တက္ကသိုလ်များမှ ဘာသာရပ်များ စုစည်းထားသည့် မဟာဌာနများအဖြစ် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ယင်းမဟာဌာနများကို ဖွဲ့စည်းဆောင်ရွက် သွားမည်ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ပါမောက္ခချုပ်တစ်ဦးက ထပ်လောင်းပြောကြားသည်။ ဖွဲ့စည်းတည်ထောင်မည့် မဟာဌာနများကို ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များအပြင် ပညာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်တို့တွင်လည်း ဖွဲ့စည်းရန် ပါဝင်သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

1 comments:

I deeply doubt that whether those faculties can get authority or autonomy to do exchange programs independently. For the time being, professors under Ministries of Education can host their counterparts or officials from foreign countries by permission of Ah Sa Nya (upper and lower). Even ractors also need to do so.
For attending conference and seminar outside the countries, they never (NEVER) get permission.
What the Naypyitaw does is change the nominee, delay the permission. Sometimes no response. Go and see the Ah Sa Nya (lower) in Tathone Road. It is like a monestary. Very quiet and good place to meditate.
My question is when will they start? TIME FRAME PLS.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်