Subscribe to our RSS Feed

လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ မြန်မာပြည်ခရီးစဉ်စမည်



ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲတွေနဲ့ပတ်သက်လို့ ပြည်ပ အတိုက်အခံခေါင်းဆောင်တချို့ကို ကိုယ်တိုင်လာရောက်လေ့လာခွင့် ပေးတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ အစီအစဉ်အရ ထိုင်းမြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ မနက်ဖြန်မှာ
မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း သက်ဆိုင်ရာ နိုင်ငံရေး၊ ပါတီ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ နဲ့တွေ့ဆုံမယ့်အပြင် ပြည်တွင်းမှာ ပါတီ တရားဝင်
ပြန်လည် ရပ်တည်ရေး ကိစ္စလည်းကြိုးစားဆောင်ရွက်မှာဖြစ်တယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

သမ္မတရုံးကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ပ အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်းထဲက အဖွဲ့ဝင်အမည်တွေကို black list လို့ခေါ်တဲ့ နာမည်ပျက်စာရင်းကနေ ထုတ်ပယ်ကြောင်းကြေညာချက်ဟာ အားလုံး ပါဝင်နိုင်ရေး လမ်းစတွေပိုပြီးပွင့်သွားတယ်လို့ ဦးအောင်မိုးဇော်က
ပြောပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ခုနှစ် ရှစ်လေးလုံးလူထု လှုပ်ရှားမှုကြီးအပြီးမှာ နိုင်ငံရေးနိုးကြားတက်ကြွတဲ့ ကျောင်းသား
ခေါင်းဆောင်တွေ ထူထောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပထမဆုံးဥက္ကဋ္ဌက ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂ အတွင်းရေးမှုးဟောင်း ဦးမိုးသီးဇွန်ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရရဲ့ ၁/၉၀ ကြေညာချက်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ တရားမ၀င် ပါတီဖြစ်ပြီးတဲ့နောက် ပါတီလုပ်ငန်းတွေဆက်လက်ဆာင်ရွက်နိုင်ဖို့အတွက် ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာ ဦးအောင်မိုးဇော်ဦးဆောင်ပြီး ရပ်တည်လှုပ်ရှားခဲ့ပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်