Subscribe to our RSS Feed

မီဒီယာများ ဌာနဆိုင်ရာ သတင်းယူရန်ခက်ပါက လွှတ်တော်ကော်မတီသို့ တိုင်နိုင်


From : ခေတ်လူငယ်

ပြည်တွင်းပြည်ပ သတင်းမီဒီယာများသည် အစိုးရဌာနဆိုင်ရာ သတင်းများကို သတင်းယူရန် အခက်အခဲရှိလျှင် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီသို့ တိုင်ကြားနိုင်ကြောင်း သြဂုတ်လ ၃၀ ရက်နေ့တွင် မန္တလေးမြို့တော်သို့ ရောက်ရှိနေသော အဆိုပါ ကော်မတီဝင် ဦးရဲထွန်းက မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။ ကော်မတီသို့ ဌာနဆိုင်ရာ သတင်းယူရန်ကိစ္စ အခက်အခဲရှိပါက အကြောင်းအရာကို မှန်မှန်ကန်ကန်ရေးသားပြီး ကော်မတီဥက္ကဋ္ဌထံသို့ လိပ်မူပေးပို့ရန်နှင့် ရောက်ရှိလာသည့်စာပါ အကြောင်းအရာကို မူတည်၍ သတင်းထောက်နှင့် သက်ဆိုင်ရာ ဌာနများသို့ တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောဆိုသည်။ “တချို့ဝန်ကြီးဌာနတွေက ထွက်ပေါ်လာတဲ့ သတင်းကို အတည်ပြုဖို့သွားရင် ဟိုလွှဲ၊ ဒီလွှဲနဲ့ ပြောတယ်။ တချို့ဌာနဆိုရင် ဖုန်းတောင်မကိုင်ဘူး” ဟု မန္တလေးမြို့ခံ သတင်းထောက်အချို့က ဆိုသည်။ မီဒီယာအသိုင်းအဝိုင်းတွင် ဖြစ်ပေါ်နေသော ဆင်ဆာဖြတ်သည့် ကိစ္စရပ်များကို ကော်မတီက ရန်ကုန်သို့ ဆင်းလာသည့်အချိန်တွင် မီဒီယာသမားများက ဆင်ဆာ အခက်အခဲများကို တင်ပြတောင်းဆိုသဖြင့် ကော်မတီက တင်ပြတောင်းဆိုသဖြင့် ကော်မတီက ပြန်ကြားရေး ဝန်ကြီးဌာနကို ထောက်ပြပြောဆိုခဲ့သောကြောင့် စာပေထိန်းချုပ်မှုများကို တစ်စတစ်စ လျှော့ပေးခဲ့ရာမှ ယခုအခါ လုံးလုံးလိုက်လျောရသည်အထိ အခြေအနေဖြစ်ပေါ်ခဲ့သည်ဟု ဦးရဲထွန်းက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်