Subscribe to our RSS Feed

၂၀၁၅ တွင် ASEAN+6 နိုင်ငံများ အတွင်း လွတ်လပ်စွာ ကုန်သွယ်နိုင်ရန် လုပ်ဆောင်မည်

From : mrtv4

အာရှနှင့်ပစိဖိတ် ဒေသမှ စီးပွားရေး ဝန်ကြီးများမှာ လာမည့် ၂၀၁၅ ခုနှစ်တွင် လွတ်လပ်စွာ ကုန်သွယ်မှု ပြုနိုင်ရေး အတွက် သဘောတူညီချက်များကို အပြီးသတ်နိုင်ရန် ကြိုးစားမှုများ ပြုလုပ်လိုက်ပြီ ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဆယ်ခုနှင့် အခြားသော နိုင်ငံခြောက်ခု ဖြစ်သော ဂျပန် ၊ တောင်ကိုရီးယား ၊ အိန္ဒိယ ၊ သြစတြေးလျနှင့်နယူးဇီလန် တို့မှာ ကြာသပတေးနေ့က ကမ္ဘောဒီးယား နိုင်ငံ Siem Reap မြို့တွင် ကျင်းပသည့် ပွဲအတွင်းတွင် ယခုလို ကြိုးစားမည် ဖြစ်ကြောင်း ကတိပြုခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့ အနေဖြင့် အကောက်ခွန်များ လျော့ချရန်နှင့် ပယ်ဖျက်နိုင်ရန် လုပ်ဆောင်မည် ဖြစ်ကာ စိုက်ပျိုးရေး လုပ်ငန်းများနှင့် အခြားသော ထိရှလွယ်သည့် ထုတ်ကုန်များကိုလည်း အထူး စဉ်းစားပေးသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ ယခုလို လွတ်လပ်စွာ ကုန်သွယ်မှု ဇုံနှင့် ပတ်သက်ပြီး အပြီးသတ် သဘောတူညီချက်ကို လာမည့် နိုဝင်ဘာတွင် ဖနောင်ပင် မြို့၌ ကျင်းပမည့် ဆွေးနွေးပွဲ အတွင်း ဆုံးဖြတ်ချက် ချမည်ဖြစ်သည်။ အလားတူပင် လွတ်လပ်စွာ ကုန်သွယ်ရေးဇုံကိုလည်း လာမည့်နှစ် အစောပိုင်းတွင် စတင်မည် ဖြစ်သည်။

source : NHK news




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်