Subscribe to our RSS Feed

ABSDF -ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၂)

From :  မေသင်္ကြန်ဟိန်(မြစ်မခ)

နိုဝင်ဘာ ၈၊ ၂၀၁၂၊ ရန်ကုန်မြို့။

အပိုင်း(၂)

၁၉၈၈ ခုနှစ် ကျောင်းသား အရေးအခင်းဖြစ်တဲ့ အချိန်မှာ လှည်းတန်းရောက်နေခဲ့တယ်။ အဲဒီအချိန်တုန်းကလည်း နိုင်ငံရေးနဲ့ ဘာမှ ပါဝင်ပတ်သက်မှုမရှိသေးဘူး။
အဲလို လှည်းတန်းမှာ အရေးအခင်းဖြစ်နေတဲ့ အချိန်တုန်းက တကယ်တော့ လှည်းတန်းကို လက်နှိပ်စက် ရိုက်တဲ့ သင်တန်းတက်ဖို့ လာခဲ့တာ။

ကျမက စာပေစာယူနဲ့ ကျောင်းတက်နေတာဆိုတော့ အိမ်မှာလည်း ဘာအလုပ်မှ လုပ်တာ မဟုတ်ဘူး၊ ဒီအတိုင်း ဂစ်တာတီးရင်း အိမ်မှာ အချိန်တွေကုန်နေတာ အဖေနဲ့ အမေကလည်း အလုပ်လုပ်ရမယ်ဆိုပြီး ပြောလာတယ်။ အဲဒီတုန်းက ဂျပန်ကုမ၌ဏီတခုက မြန်မာပြည်မှာလာ ဖွင့်ဖို့ ရှိတယ်ဆိုတော့ အဲဒီမှာ အလုပ်လုပ်ရမယ်။  လက်နှိပ်စက်ရိုက်တတ်ဖို့ လိုတယ်ဆိုလို့ လှည်းတန်းမှာ သင်တန်းတက်ဖို့ လာခဲ့ရင်း အရေးအခင်းနဲ့ သွားကြုံလိုက်တာ။

သိတယ်မဟုတ်လား၊ သူများတွေ ရုတ်ရုတ် ဆိုရင် သွားကြည့်တယ်။ ဘာမှ နားမလည်ပေမဲ့လည်း သွားကြည့်ဖြစ်တယ်။ အဲဒီလို သွားကြည့်ရင်းနဲ့ ကျောင်းသားတွေက သွေးတွေပေနေတဲ့ အကျီာင်္သယ်လာတာတွေ့တော့ စိတ်ထဲမှာ စိတ်မကောင်းလည်း ဖြစ်တယ်။ ဒေါသလည်း ထွက်တယ်။

အဲလိုအရေးအခင်းကာလမှာ  လူတယောက်နဲ့သွားဆုံတယ်၊ အဲဒါကလည်း အရေးအခင်းဖြစ်နေတဲ့အချိန်  စကားပြောရင်းနဲ့ ဆုံသွားခဲ့တာ၊  ဘာရယ်မဟုတ်ဘူး သူနဲ့ စကားပြောမိတာ။ အဲဒီအချိန်တုန်းကလည်း လူတွေက တယောက်နဲ့တယောက်လည်း စကားပြောကြတယ်လေ အဲလိုပဲ စကားပြောလိုက်မိတာ။

အဲဒီလူက အသက်ပိုကြီးသလား ငယ်သလားတော့ မသိဘူး၊ဒါပေမဲ့ ရုပ်ကိုကြည့်ရတာကတော့ အသက်ပိုကြီးမယ်လို့ ထင်တယ်။ နောက်သူ့ကိုယ်သူ မိတ်ဆက်လာတယ်။

ကျနော့်နာမည် မင်းအောင်သူပါတဲ့။
ဟုတ်ကဲ့ပါ ကိုမင်းအောင်သူ၊ ကျမ နာမည် နန်းအောင်ထွေးကြည်ပါ ပေါ့။ အဲလို မိတ်ဆက်ကြတယ်။နောက်ခင်သွားကြတယ်၊
အဲဒါက ၁၉၈၈ ခုနှစ် ဇူလိုင်လလောက်ရှိပြီ။ အဲဒီတုန်းက သူ့ကိုယ်သူ ပြောတာကတော့ သမိုင်းအဓိက ပေါ့လေ။

အဲဒီတုန်းက ကျမက လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ ဆိုတာတွေလည်း မသိဘူး  စိတ်ထဲမှာလည်း မရှိဘူး၊ စိတ်ထဲ ရှိခဲ့တာကလည်း တကယ့်မခံချင်စိတ်နဲ့ပဲ ပါခဲ့မိတာ။ အဲဒီတုန်းက ကျောင်းသားတွေ တောင်းဆိုမိတာကလည်း ကျောင်းကို ရာသက်ပန်ထုတ်လိုက်တဲ့ ကျောင်းသားရှိတယ်၊ ထောင်ကျသွားတဲ့ ကျောင်းသားတွေ ရှိတယ် အဲဒီကျောင်းသားတွေကို ပြန်ထုတ်ပေးဖို့ပဲ တောင်းဆိုကြတယ်။ဒီ မိုကရေစီရရှိရေး တွေဘာတွေလည်း မရှိဘူး။

ဒီလိုနဲ့ အရေးအခင်းတွေကို သွားဖြစ်ပေမဲ့ နေ့တိုင်းတော့ မဟုတ်ဘူးကွ၊  နေ့တိုင်းမလိုက်ဖြစ်ဘူး ကြိုကြားကြိုကြားပဲ သူတို့နဲ့ အတူသွားလိုက်ဖြစ်တာ။

နောက်တော့ ခင်လာတဲ့ အခါကျတော့သူက ဖွင့်ပြောတယ်။ တကယ်တော့ မင်းအောင်သူ ဆိုတာက သူ့နာမည် မဟုတ်ဘူး။ သူ့ကို ကိုတိုးလို့ ခေါ်တယ်တဲ့။ ကိုတိုးဆိုတာပဲသိတယ်၊ အဲဒါလည်း သူ့ရဲ့ အိမ်နာမည်ပါ။ ကျမလည်း ကိုတိုးလို့ပဲ ခေါ်လိုက်တယ်။  နောက်တော့ သူ့နာမည်ရင်းတွေ ဘာတွေကိုလည် မမေးတော့ဘူး၊

တကယ်တော့ ကျမကသာ ဘာမှ မသိတဲ့ အ..အ..လေးလေ၊ ဒီလိုအချိန်မှာ နာမည်ရင်းကို ကျမ မို့သာပြောလိုက်တာ။
သူတို့တွေကတော့ ယူဂျီတွေ၊ တကယ်လုပ်နေတဲ့ သူတွေ၊ ဆဲလ်တွေဆိုတော့ သူတို့ရဲ့ နာမည်ရင်းတွေကိုလည်း မပြောဘူး။
နာမည် ၀ှက်တွေနဲ့ပဲ သုံးနေတာ၊ အဲဒါကို ကျမက လုံးဝ မသိခဲ့ဘူး၊ တော်တော်နဲ့လည်း မသိဘူး။
သိလိုက်တဲ့ အချိန်မှာ ကြတော့ ကျမ ဘာမှ လုပ်လို့မရတော့ဘူး၊

ကျမက အဲဒီတုန်းက ကျောင်းသား သမဂ္ဂတွေဘာတွေလည်း လုံးဝ မရှိဘူး၊ဘာမှ လည်းမရှိဘူး။ နိုင်ငံရေးဆိုတာလည်း နားမလည်ဘူး။
ဒါပေမဲ့ အဲဒီအဖွဲ့တွေနဲ့ လိုက်ရင်းနဲ့ တနေ့မှာ သူတို့နဲ့ အတူလိုက်သွားတယ်၊ သူတို့က  လူကြီးတယောက်နဲ့သွားတွေ့ကြတယ်။ လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာပေါ့။

ကျမကလည်း အဲလို လက်ဖက်ရည်ဆိုင်တွေဘာတွေဆို အရမ်းလိုက်လိုက်ထိုင်တယ်လေ။ ကျမက Tomboy ဆန်တော့လက်ဖက်ရည်ဆိုင်လည်း ထိုင်တာပဲလေ။ အဲလို လိုက်ထိုင်ရင်းနဲ့ သူတို့က ဘာအကြောင်း ပြောကြလဲ ဆိုတော့ တပြည်လုံး အင်အားဖြစ်အောင်လုပ်ရမယ် ။ အခုဖြစ်နေတာ ရန်ကုန်အင်အားလေ၊ တတိုင်းပြည်လုံး အင်အားဖြစ်လာဖို့အတွက်ကို စွမ်းဆောင် ကြရမယ် အရေးအခင်းက ဆိုပြီး အဲဒါတွေ ပြောတာနော်။ သူတို့ပြောနေတာ နားထောင်ရင်း
ဟာ နားထောင်လို့ကလည်း ကောင်းတော့ ၀င်ပြီး နားထောင်မိတာပေါ့၊ သိတယ်မဟုတ်လား နိုင်ငံရေးစကားဆိုတာက နားထောင်လို့အရမ်းကောင်းတယ်လေ။

အဲလိုတွေနဲ့ သူတို့လုပ်နေတာ နောက်ဆုံးတော့ ၁၉၈၈ ခုနှစ်ရဲ့  ရှစ်လေးလုံးကြီး ဒိုင်းဆိုပြီး ထဖြစ်သွားလိုက်တာ။ အဲဒီအချိန်ထိလည်း သူတို့ ဘယ်သူတွေ ဆိုတာကို မရိပ်မိဘူး။
တကယ့်ကိုပဲ ကျောင်းသားတွေပေါ့၊ တတိုင်းပြည်လုံး အင်အားကြီးဖြစ်သွားပြီပေါ့ အဲလိုပဲ ထင်ခဲ့တာ။

တကယ်ောတ့ အ...ခဲ့တာ၊ …အ ခဲ့တာ။ ဘယ်သူတွေက ဒီလိုဖြစ်အောင် အနောက်ကနေ control လုပ်နေသလဲ ဆိုတာကို ကျမတို့ လုံးဝ မသိခဲ့ဘူး။
လုံးဝလည်း မရိပ်မိခဲ့ဘူး။

တခု ကျန်သွားတယ် ၈ လေးလုံး မဖြစ်ခင်မှာ  စာစောင်တွေဘာတွေ ထွက်ကြသေးတယ်။ အဲဒီ စာစောင်လေးတွေကို ထုတ်နေတာက ကျမတို့ အုပ်စုလေးကနေ ထုတ်နေတာ။
အဲဒီ စာစောင်တွေထဲမှာ နာမည်တွေပါတယ်။ ဒါပေမဲ့ နာမည်က အမျိုးမျိုးနဲ့နော်။ နာမည်တွေကလည်း သူ့နာမည်က မင်းအောင်သူတဲ့ ဆိုင်းထိုးထားတော့လည်း နိုင်ငြိမ်းချမ်းတဲ့၊ နောက် စစ်သူနိုင်တို့၊ ရဲမင်းအောင်တို့ အဲလို နိုင်ငံရေး နာမည်တွေနဲ့ချည်းပဲ ထုတ်နေတာဆိုတော့ စဉ်းစားပြီလေ။

စိတ်ထဲ တမျိုးလည်း ဖြစ်သွားပြီ ဒါပေမဲ့ ကျမက ပြောင်ပြောင်နောက်နောက်နေတတ်တဲ့ သူဆိုတော့ ငါ့နာမည်ကလည်း နန်းအောင်ထွေးကြည်ဆိုတော့ နန်းကိုအောင်နိုင်ပြီးတော့ မိသားစုနဲ့ နွေးနွေးထွေးထွေး ကြည်ကြည်လင်လင် နေတတ်တဲ့သူပေါ့လို့ ဆိုပြီး နောက်လိုက်သေးတယ်။
ဒါပေမဲ့ စိတ်ထဲမှာက သံသယတော့ဖြစ်သွားတယ်။ သူတို့တွေက ဘာတွေလည်း မသိဘူး။ မဟုတ်တော့ဘူး မဟုတ်တော့ဘူး တခုခုတော့ တခုခုပဲလို့ စဉ်းစားပြီ။

နောက် သူ့ကို ပေါ်တင်မေးတာ၊ ပေါ်တင်မေးတော့ ငါတို့က ဟုတ်တယ် ဗကဘ(ကွန်မြူနစ်) တွေလို့တော့ မပြောဘူးပေါ့။ တမျိုးလေး သူတို့ သုံးတာက အလံနီလည်း မဟုတ်ဘူးကွ၊ တမျိုးပဲ သူတို့သုံးတာပြန်ပြောဖို့ မေ့တောင်မေ့နေပြီ အဲဒီ အသုံးအနှုန်းကိုလေ။

အဲဒီမှာ  ဖြုံသွားတာ။ ငါတော့ သွားပြီ အမွေးခံလိုက်ရပြီ ထင်တယ်လို့ကို ဖြစ်သွားတာ။ သူတို့လုပ်တာက အဲဒါပဲလေ၊ လူငယ်တွေကို လိုက်ပြီးတော့စည်းရုံးမယ်။ သူတို့ ဘယ်သူတွေဆိုတာ မပြောဘဲနဲ့ စည်းရုံးမယ်။ စည်းရုံးပြီးတော့မှ လုပ်ငန်းကို ချဲ့သွားမယ် ကိုယ့်ကိုယ်ကို ကွန်မြူနစ် ဖြစ်မှန်းမသိ၊ သူတို့လူဖြစ်မှန်းမသိ ဖြစ်သွာြး့ပီး သူတို့ခိုင်းတာတွေ ကို လျှောက်လုပ်ပေးနေမိမယ် အဲလို လူတွေအများကြီး ရှိနေပြီ။အဲလိုတွေကို သိလိုက်တော့ အရမ်းကြောက်သွားတယ်၊ ကွန်မြူနစ်ဆိုရင်လည်း မကြိုက်ဘူး၊ ဆိုရှယ်လစ်ကိုလည်း မကြိုက်ဘူးလေ။

ဘယ်လိုပဲပြောပြောပါ  ရှစ်လေးလုံးက ကျောင်းသားထုရဲ့ အင်အားကို သုံးပြီး နောက်ကနေ ကွန်မြူနစ်တွေက ထိန်းချုပ်ပြီး ကစားသွားခဲ့တယ်လို့ ကျမ မြင်မိတယ်။
ဒါပေမဲ့ အဲဒါကို အစိုးရက ပြောတုန်းက ကျမတို့ ကိုယ်တိုင် လက်မခံခဲ့ဘူး။ အခု အသက်ကြီးလာချိန်မှာ အားလုံးကို ပြန်စဉ်းစားပြီးတော့မှ ဟုတ်တယ်ဆိုတာကိုသိသွားတာ။

ကွန်မြူနစ်တွေရဲ့ ဆဲလ်တွေ ယူဂျီတွေက  သိပ်တော်ပါတယ်။ သူတို့က စည်းရုံးနိုင်တဲ့ နေရာမှာ လူငယ်တွေဟာ ကိုယ့်ဟာကိုယ်ကွန်မြူနစ်မှန်းတောင် မသိလိုက်ဘဲနဲ့ ကွန်မြူနစ်ဖြစ်မှန်းမသိ ဖြစ်သွားကြတာ။ ကျမတို့ အဲဒါတွေ ခံလိုက်ရတာ။ တော်တော်များများပါပဲ ကျောင်းသားတွေလည်း ခံလိုက်ကြရမယ် ထင်တယ်။

အဲလို သူတို့ကစားကွက်ကို သိလိုက်လို့ နောက်ဆုတ်သွားလိုက်တာ ရှိမယ်၊ သိရဲ့သားနဲ့ နောက်မဆုတ်ဘဲ ဆက်လုပ်တဲ့သူတွေလည်း ရှိမယ်၊ သိသွားပြီးတော့မှ ကြိုက်တယ်ဆိုပြီးတော့ ၀င်သွားတဲ့ သူတွေလည်း ရှိချင်ရှိမယ်။

ကျမကတော့ ဘာခံယူချက်တွေ ညာခံယူချက်တွေ မရှိဘူးနော်၊ ရှိနေတာ တခုကတော့ ဒီအစိုးရကို ငါမကြိုက်ဘူး ဆိုတာပဲ။ ဒါပဲ ရှိတယ်၊ ငါတော်လှန်မယ်၊ သူတို့ကို မကြိုက်ဘူး။ ငါ့အဖေခံရတယ်၊ ပြည်သူတွေ ခံရတယ် အဲဒါကြောင့် မကြိုက်ဘူး ငါ တော်လှန်မယ်။ ကျောင်းသားတွေ တော်လှန်နေတယ် ငါလည်း ကျောင်းသား ကျောင်းသားဖြစ်တဲ့အတွက် ငါလည်း တော်လှန်မယ် ဒါပဲ ရှိတယ်။

အင်း...အဲဒီတုန်းက အမေက ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတုန်း ကာလဆိုတော့ အမေကလည်း ဆေးရုံက အကြောင်းတွေ အိမ်မှာပြန်ပြောပြတယ်။ ပစ်မိန့်ပေးထားတဲ့အကြောင်းတွေနဲ့ ကျောင်းသားတွေ အရေးပေါ်တွေ ရောက်လတဲ့ အကြောင်းတွေ အမေက ပြောတယ်။ အမေကလည်း စိတ်တိုပြီး ပြောပြတာ။

တညနေတုန်းကလည်း အမေက အိမ်ပြန်ရောက်တော့ ဆေးရုံမှာ သူမြင်ခဲ့တာတွေ ပြောပြောပြီး ငိုတယ်။ စစ်သားတွေ ဘယ်လောက်မိုက်ရိုင်းသလဲ ဆိုတာတွေ ပြောပြီး ငိုတယ်၊ အဖေကလည်း ဒေါသတွေ ထွက်တယ်။ တအိမ်လုံး စိတ်မကောင်းကြဘူး။

နောက် အဲဒီတုန်းက အင်လျားကန်နဲ့ကန်ဘဲ့လမ်းမကြီးပေါ်က အိမ်မှာနေတော့ မဆလ ပဒုမ္မာပြခန်းရှိတဲ့ ဆူဒီယမ်ဘတ် လမ်းမကြီးပေါ်မှ ကျောင်းသားလေးတွေ အဖြူအစိမ်းလေးတွေ နဲ့  သွေးတွေ စွန်းနေတာတွေကို အဖေနဲ့ အတူ ထွက်ကြည့်ရင်းတွေ့တော့ အဖေကလည်း ခေါင်းတခါခါနဲ့မျက်နှာပျက်ပျက်နဲ့ ဆဲတယ်။
ဆဲတာ။ တော်တော်လေး ဆဲတယ်။ ငါ ရှက်တယ်၊ ငါရှက်တယ်။  ငါ ၀တ်ခဲ့တဲ့ အစိမ်းရောင်ကို ငါအရမ်း ရှက်သွားပြီ ဆိုပြီးတော့ အဖေ စိတ်ထိခိုက်သွားတယ်။

နောက်ပိုင်း အရေးအခင်းတွေမှာ ကိုယ်တိုင်ပါဝင်လာပြီး မြောက်ဥက္ကလာပစစ်ကြောင်းနဲ့ ထင်တယ် လူတွေကိုဆန္ဒပြတာကို သွားကြည့်ရင်း ကြည့်ရင်းနဲ့ လူတွေကြားထဲရောက်ပြီး ပါသွားတာ။ တကယ်ကို သွားတုန်းက သွားကြည့်တာပဲ ကြည့်ရင်း ကြည့်ရင်းနဲ့ကို စိတ်တွေပါပြီး ပါသွားတာ။
အဲလိုနဲ့ ၈ လေးလုံးပြီးသွားတော့  အဲဒါပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ဘာတို့လဲ ပါတီထောင်တယ်။ အဲဒီတုန်းက ဒေါ်စုရဲ့ပါတီရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည် အိမ်နံဘေးက ခြံထဲမှာပေါ့ ရုံးချုပ်ဖွင့်တာ။

၁၉၈၈ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ  အန်အယ်ဒီပါတီထဲကို ၀င်လိုက်တယ်။ ဘာရယ် ညာရယ်လည်း မသိဘူး ရည်မှန်းချက်တွေဘာတွေလည်း မရှိဘူး၊ ဒေါ်စုကို ချစ်တာပဲ။ ချစ်တဲ့ စိတ်နဲ့ ၀င်လိုက်တာပဲ။ အဲဒါ ပုဂ္ဂိုလ်စွဲနဲ့ ၀င်တာ ဟုတ်တယ်။ သူ့ရဲ့ ရည်တည်ချက်တွေ ဘာတွေလည်း နားမလည်ဘူး၊ သူ့ကို ချစ်လို့ကို ၀င်လိုက်တာ။ သူ့ကို ချစ်တယ်၊ လုပ်မယ် သူ့အတွက် သူ့ကို backup လုပ်မယ်ဆိုပြီး ၀င်လုပ်တာ။

NLD ရုံးက ဒေါ်စုခြံထဲမှာ။ပြီးတော့ နောက် တခြံကျော် မှာပေါ့။ လိပ်စာမမှတ်မိတော့ဘူး။ ကျမက ဒေါ်စု နဲ့ တခြံကျော်က NLD YOUTH မှာဝင်ပြီး အလုပ်လုပ်ပေးတယ်။
အဲဒီတုန်းက ကိုစိုးသိမ်း ( ထောင်ကလွတ်ပြီးသေသွားပြီ) ။ ပါကြီး (ယခု မဲဆောက်) ။ကိုငယ်(သီဟန်..ဆိုတာ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်သား) ခင်သန္တာ။စိုင်းသိင်္ဂါ တို့နဲ့လုပ်တယ် ။နောက်မှ သန်းထွန်းစိုးနဲ့ ရင်းနှီးတယ် ။သန်းထွန်းစိုး မိတ်ဆက်ပေးလို့ မခင်ချီုဦး နဲ့ ဌေးမြင့်ဝင်းနဲ့သိတယ်။

အဲလို ၀င်လိုက်ပြီးတော့မှ ကျမနောက်ကို လူတယောက်က အမြဲလိုက်နေတယ်။ အဲဒီလူက ဘယ်ကမှန်းလည်း မသိဘူး၊ ထောက်လှမ်းရေးလို့လည်း ပြောလို့မရဘူး။ ဗကဘလို့လည်း မပြောနိုင်ဘူး။ ဘယ်သူ မှန်းကို မသိတာ။ ကြောက်တာတော့ တကယ်ကို ကြောက်ခဲ့တာပဲ။

အဲဒါကို ကြောက်တာ၊ ကြောက်တာနဲ့ပဲ တောခိုမယ်လို့ ဆုံးဖြတ်လိုက်မိတာ။ အဲလို စဉ်းစားတော့ သန်းထွန်းစိုးကတော့ သူမလိုက်သေးဘူးပေါ့လေ၊ စိုင်းသိင်္ဂါတို့၊ အမတို့ အရင် သွားမယ်ဆိုပြီး လုပ်တုန်းမှာ အတိုင်ခံလိုက်ရတယ်။

အိမ်ကို ရဲစခန်းက ဖုန်းဆက်တာ အဖေနဲ့ တိုးတယ်။ အဲဒီမှာ အိမ်ကလည်း ရိပ်မိသွာြး့ပီးတော့ အမေက  လုံးဝ ခရီးမထွက်ရဘူး ဆိုပြီးလုပ်ရော။
အဲလိုတွေဖြစ်ကုန်တာနဲ့ သိင်္ဂါတို့နဲ့ မလိုက်လိုက်ရဘူး။ သိင်္ဂါတို့က ထွက်သွားလိုက်ပြီးတော့ ABSDF အိန္ဒယဘက်ကို ရောက်သွားကြတယ်။

အိမ်ကမထွက်ခင်မှာ အားလုံး NLD အဖွဲ့ ကနေ နှုတ် ထွက်ခဲ့ကြတယ်။ NLD ပါတီထိခိုက်သွားမှာ စိုးလို့ပါ။ နောက်မှ ဧပြီ ၁၀ ရက်ကြတော့မှ သန်းထွန်းစိုးတို့ ၅ ယောက်နဲ့အတူ တောခိုဖို့ ထွက်ခဲ့ကြတာ။

ရှေ့ဆက်ဖော်ပြပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)

NLD YOUTH သုံးခွ စည်းရုံးေ၇းခရီးစဉ်အမှတ်တရ ။ ဝဲမှ ယာ .. — with ခင်သန္တာ, နန်းအောင်ထွေးကြည်, သာထွန်းဝေ, သန်းထိုက်, အောင်မျိုးနိုင်, ပါကြီး and ဝင်းလှိုင်.

Myanmar Express

5 comments:

သီအိုရီအရ (၈၈၈၈)ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကို ကျောင်းသားအင်အားစုက စတယ် မှန်ပါတယ်၊ ကျောင်းသားဆိုတဲ့ သဘာဝအတိုင်း တက်ကြွတဲ့လူငယ်လူရွယ်တွေ မတရားတာမကြိုက်အမှန်တရားမြတ်နိုးတဲ့အရွယ် လူစုလူဝေးနဲ့ ရှိနေချိန်(လူစုလူဝေးရဲ့သဘောအရ လူများရင် စိတ်ကြွတဲ့ သဘောရှိ) ဒီလို လူငယ်တွေက ပြည်သူ့အုံကြွမှုကို ရုပ်ပိုင်းဆိုင်ရာအရ စတင်ကြတာ သီအိုရီအရ အမှန်ပါ၊ (မှတ်ချက်။ ။ လူ့သဘောအရ အသက်အရွယ်လိုက် အပြောင်းအလဲရှိသည်)။ ဒီရုပ်ပိုင်းဆိုင်ရာတွေကို စတင်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာက စတင်ရတာဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေကို ဘယ်သူတွေလုပ်ဆောင်ကြသလဲဆိုရင် မှန်မှန်ကန်ကန်ဝံခံရဲကြရင် (ဗကပ)တွေ မြုတ်နှံထားတဲ့ (ယူဂျီ)တွေက ဖေါ်ဆောင်တယ်ဆိုတာ ၀န်ခံရပါလိမ့်မယ်။Htay Zaw.....Hittaing

မြန်မာနိုင်ငံတွင်လွတ်လပ်ရးမရမီကပင် ဗ.က.ပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပေါ်ထွန်းခဲ့သည်၊
ယနေ့အထိလည်း အသက်ရှည်ဆဲပင်ဖြစ်သည်၊
မြန်မာပြည်ကို ကွန်မြူနစ်နိုင်ငံဖြစ်ရန် နည်းစုံဘက်စုံဖြင့် ကြိုးစားခဲ့ကြသည်၊
လူထုအုံကြွမှု့၊ ဆန္ဒပြပွဲကြီးများ အမျိုးမျိုးကိုလည်း ဗ.က.ပ မြေအောက်ယူဂျီများက ပြုလုပ်ခဲ့ကြသည့် သာရကများလည်း အထင်ကရရှိခဲ့ပါသည်၊

ကျောင်းသား၊ အရပ်သား၊ ဘုန်းကြီး၊ အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း စသည့် ဘက်စုံဒေါင်
့စုံမှ လူထုလူတန်းစား အသီးသီးထဲတွင် ဗ.က.ပ ယူဂျီများရှိခဲ့ပါသည်၊

သူတို့၏ ကြိုးပမ်းမှု့များကြောင့်လည်း လူထုလှုပ်ရှားမှု့ သပိတ်တိုက်ပွဲများ အဆက်မပြတ်ပေါ်ပေါက်ခဲ့ကြပါသည်၊
ဗိုလ်ပြုတ်ကြီး မောင်ခင်ညွှန့်တို့ အဖွဲ့က ထုတ်ဝေခဲ့သည့် အာဏာသိမ်းရန်ကြံစည်သူများ (စာအုပ်အနီ)မှာ အထင်အရှား လေ့လာနိုင်ပါသည်။

ဗ.က.ပ ယူဂျီများ ဖန်တည်းသည့် ဆန္ဒပြပွဲများနှင့် ဗ.က.ပ များပါဝင်ပါတ်သက်လာသည့် ဆန္ဒပြပွဲများသည် လူထု၏ ဆန္ဒထက် ဗ.က.ပ တို့၏ ဝါဒစွဲရည်ရွယ်ချက်များက ပိုမိုလွှမ်းမိုးနေသဖြင့် အောင်မြင်မှု့များ မရခဲ့ကြပါ၊
အကျိုးထက် အဆိုးက ပိုများကာ အရှုံးထွက်ပြီး လူထုပင် နစ်နာခဲ့ရသည့် ဆန္ဒပြပွဲများဖြစ်ခဲ့ကြရသည်မို့ အထူးပင် သတိထားရမည့် ကိစ္စဖြစ်ပါသည်။

လူထု၏မကျေနပ်ချက်ကို ထုတ်ဖေါ်ဆန္ဒပြရန်ကိစ္စမှာ လှုံ့ဆော်သူ၊ ဦးဆောင်ဦးရွက်ပြုသူ၊ အနစ်နာခံသူရှိဖို့လည်း လိုပါသည်၊
သို့သော် ထိုဦးဆောင်သူသည် ဗ.က.ပ ဖြစ်ခြင်း၊ ဗ.က.ပ လိုလားသူဖြစ်နေသည်က အရေးမကြီးသေးပါ၊
အရေးကြီးတာက ကွန်မြူနစ်ဝါဒလွှမ်းမိုးရေးနှင့် ကွန်မြူနစ်နိုင်ငံဖြစ်လာရေး စသည့် ပရောဂများပါလာပါက ၎င်းဆန္ဒပြပွဲမှာ ကျရှုံးမည်သာ ဖြစ်ပြီး၊ အကျိုးမဖြစ်ထွန်းပါ၊
အကြောင်းမှာ ကမ္ဘာသူကမ္ဘာသားများသည် မာက္စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို လုံးဝလက်မခံကြတော့သောကြောင့်ဖြစ်ပါသည်၊
ထို့ကြောင့် ယနေ့ခေတ်ဆန္ဒပြပွဲများတွင် ဝါဒစွဲ ကင်းရှင်းရန်လုံးဝအရေးကြီးပါသည်။(Pho Thar Aung)Hittaing

၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နားမလည်ပါးမလည်၊ အသက် အရွယ်ငယ်ငယ် အတွေ့ အကြုံ မလုံမလောက်နဲ့ မလည်ရှုပ် ၀င်လုပ်တာ သူရော တိုင်းပြည်ပါ ပျက်သုံဉ်းဘို့ ဖြစ်လာတာဘဲ။
တကယ်လို့ နိုင်ငံရေးထဲသို့ဒေါ်စုမ၀င် ရောက်ခဲ့ရင် ရွေးကောက်ပွဲ လုပ်လျှင် လူထုက ရွေးစရာမရှိလို့ ဦးအောင်ကြီး ကိုသာ မဲပေးမှာ ဖြစ်တယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့  စာရင် ရှစ်လေးလုံး ဖြစ်အောင် တာစူတဲ့ အထဲမှာ ဦးအောင်ကြီးက အများကြီးစောတယ်။

ဦးအောင်ကြီ
း လုပ်သမျှ လွှတ်ထားပြီး ဦးနေ၀င်းက လှည့်ကွက်နဲ့ နာမည်ကောင်းယူ အသုံးချ- ပြီးတော့ သူ ရှောင်ထွက်ဖို့  လုပ်တယ် ဆိုတာ အဲဒီတုန်း ကတည်းက နိုင်ငံရေး နား လည်တဲ့ လူတိုင်း တွက်မိကြတယ်။

ဦးအောင်ကြီးတက်လျှင် ဦးနေ၀င်းသည် ဦးအောင်ကြီးကို တိုင်းပြည်စီးပွါးရေး ဦးစီးခိုင်းမယ်။
ဦးအောင်ကြီးအာဏာရလာလျှင်လည်း တိုင်းပြည် ဒီမိုကရေစီ၆၀%ရလာမယ်။

အဓိကအချက်ကတော့ ဦးနေ၀င်းက အရာရာကို နောက်ကွယ်မှ ကြိုးမကိုင်တော့ဘဲ ဦးအောင်ကြီးကို စီးပွါးရေး လွတ်လပ်ခွင့် ပေးကာ သူ့အသက်ရွယ်အရ အနားယူချင်တာ သူ၏ အသက်လုံခြုံရေး ကိုသာ အဓိကထား မှာဖြစ်တယ်။

ဒါကို ဗကပ-က လဲ သိတယ်။
ဗကပ-က ဦးအောင်ကြီးကို မလိုချင်ဘူး။ တချိန်က သူတို့ ရန်သူဟောင်း။

ဒေါ်စု နိုင်ငံရေးထဲ ရောက်လာတယ် ဆိုတာကလဲ မိခင်-ဒေါ်ခင်ကြည် ပြုစုဖို့ ရောက်လာရင်းကနေ အဆွယ်ကောင်းလို့ ဗကပ- တွေ အပင့်ကောင်းလို့ ဆိုတာ ပဌမဆုံး တရားပွဲမှာ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေနဲ့ တွဲထွက်လာတာ ကြည့်ရင် အထင်အရှားကြီး မြင်နိုင်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ၊ အင်အယ်လ်ဒီကို ၀န်းရံကြ ဆိုပြီး ဗကပ-တို့ တစခန်း ထလာ တော့တယ်။
ကိုထွန်းဝေ ကတရုတ်ဗမာကပြာွးပါ။ ကိုထွန်းဝေ က အဖေတရုတ်၊ အမေ ဗမာပါ။ အဖေက စစ်မှုထမ်းချေဆိုတော့က ဗမာပြည်ကနေ တရုတ်ပြည်ကို လွှတ်ပြီး စစ်မှုထမ်းခိုင်းတာပါ။ သူ့ကိုမွေးတုန်းက ရှန်ဟိုင်းမှာ.စစ်မှုထမ်း တာကတော့ အဖေက အရွယ် ရောက်ရင် စစ်မှုထမ်းရမယ်ဆိုပြီးခိုင်းလို့တဲ့ မော်စီတုန်း တို့ရဲ့ ပြည်သူ့ တပ်မတော် မှာ စစ်မှုထမ်းတာပါ။ဇင်မင်းပို” ခေါ် တရုတ်သတင်းစာရဲ့ သတင်းထောက်အဖြစ်နဲ့ မန္တလေးမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပါတယ်။ ဦးထွန်းဝေက “တရုတ်နီ” ကလာတာဆိုတော့ လက်ဝဲ၀ါဒတွေရဲ့ ဗီဇပါလာပုံရပါတယ်။ ဦးထွန်းဝေက နိုင်ငံရေးကို မျက်ခြေမပြတ်သူပါ။ တရုတ်ဘာသာနဲ့ နိုင်ငံရေးစာအုပ်တွေနဲ့ သမိုင်းစာအုပ်တွေ ကိုလဲ ဖတ်ပါတယ်။ သူ့မွေးနေ့မှာတော့ ဒေါ်အောင်ဆန်း စုကြည်က တဦးတည်းသွား ကန်တော့ခဲ့ပါ တယ်။ဦးထွန်းဝေက ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့အတူ တရုတ်ပြည်ကမ္ဘာ့ငြိမ်း ချမ်းရေးညီလာခံကို စကားပြန်အဖြစ်နဲ့လဲ လိုက်ပါဖူး ပါတယ် (၁၉၅၂ ခု)(From Moemaka copy)
တကယ်တမ်းမှာ ရှစ်လေးလုံးကနေ အပြောင်းအလဲ ဖြစ်အောင်၊ ဘယ်သူက အောင်အောင်မြင်မြင် ဦးဆောင်နိုင်မှာလဲ၊
ရှစ်လေးလုံးလဲ မအောင၊် ဦးနေ၀င်းအစိုးရကတော့ ပြုတ်ကျနဲ့၊ ဗကပတွေ အာဏာရသွားနိုင်တာကို၊ အမေရိကန်က ကြောက်တာပေါ့။

ရှစ်လေးလုံး စတာနဲ့ ကွန်မြူနစ်တွေ ဒေါ်စုနား သွားကပ် ကုန်ပြီဆိုတာ သူတို့လဲ သိတာပဲ။
ဒါကြောင့် အဲဒီတုန်းက အမေရိကန်က မနှစ်က ကွယ်လွန်သွားတဲ့ အောက်လွှတ်တော်အမတ် စတီဗင် ဆိုလာ့ဇ်ကို လွှတ်ပြီး ဒေါက်တာမောင်မောင် အပါအ၀င် ဦးနုတို့ ဦးအောင်ကြီးတို့ ဒေါ်စုတို့နဲ့ လာစကားပြောပြီး တောက်ကြည့်ခဲ့တာပေါ့။

စတီဗင်ဆို လာ့ဇ်က အဲဒီတုန်းက အမေရိကန် အောက်လွှတ်တော်ရဲ့ အာရှနဲ့ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေးရာ ဆပ်ကော် မတီရဲ့ ဥက္ကဋ္ဌ။ သူ့အလုပ် သူလာလုပ်တာပေါ့။

သူက အမေရိကန်လွှတ်တော်က ယုံယုံကြည်ကြည်နဲ့ ခိုင်းခဲ့လို့ မြောက် ကိုးရီးယား ကင်အီဆွန်း၊ အီရတ် ဆဒမ်ဟူစိန်တို့နဲ့ပါ သွားစကားပြောဘူးတဲ့ လူ။

မြန်မာပြည်က ရှစ်လေးလုံးအချိန် အ ခြေအနေမှန်ကို သဘောပေါက် လာခဲ့ တာပေါ့။

အမေရိကန်အောက်လွှတ်တော်ကို ပြန်ပြီး အစီရင်ခံတာက၊ ဘယ်သူမှ မြန်မာပြည်မှာ ရှစ်လေးလုံး လှုပ်ရှားမှုကနေ အပြောင်းအလဲ ဖြစ်လာအောင် တကယ်တမ်း ခေါင်းမဆောင် နိုင်ဘူး။

ဦးနု တို့ ဒေါ်စုတို့ အာဏာရရင် သိပ်မကြာဘူး၊ ကွန်မြူနစ်တွေပဲ အာဏာလက်ပြောင်း ယူသွားလိမ့်မယ်။ ဒေါ်စုကတော့ အတွေ့အကြုံ ဘာမှမရှိလို့။ ဦးနုကတော့ ထုံးစံအတိုင်း ညံ့လို့။

ဦးအောင်ကြီး အာဏာရရင်တော့ ကွန်မြူနစ် မတက်နိုင် ဘူး။
ဒါပေမယ့် ဦးအောင်ကြီးကို မြန်မာပြည်ထဲမှာ ဘယ်သူမှ မထောက်ခံဘူး။

ဒါကြောင့် အမေရိကန်က ဘာမှ သွားမ ရှုပ်နဲ့၊ ငြိမ်ငြိမ်လေး ပွဲကြည့်ပရိဿတ်သာလုပ်၊ စစ်အေးကာလမှာ မြန်မာစစ်တပ်က အမေရိကန်ဘက်က ရှိနေဖို့ လို တယ်လို့ စတီဗင်ဆိုလာ့ဇ်က အစီရင်ခံခဲ့တာ။

ဗကပ ဗဟိုက ညွှန်ကြားမှု့ဖြင့် ယူဂျီများသည် မြေပေါ်သို့တက်လာပြီး လူထုကျောင်းသားတွင်း သို့ထိုးဖေါက် ၀င်ရောက် လာသော်လည်း ဗကပ အမည်သုံးလျှင် လူထုက လက်မခံသည်ကို သိရှိလေသည်။

အဘယ်ကြောင့်ဆိုသော် ဦးနေ၀င်းက သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စာအုပ်ဖြင့် လူထုကို ကောင်းစွာ ၀ါဒဖြန့်ခဲ့ရာ လူထုက ဗကပဆိုလျှင် ရွံ့ကြောက်ဖြစ်နေသည်။

ထို့ကြောင့် ဗကပသည် သူတို့ဖြစ်ချင်သည်များကို တိုက်ရိုက် အမည်မခံဘဲ ငယ်ရွယ်ကြွတက်ပြီး တိုင်းပြည် အတွက်ဆိုလျှင် အသက်ပင် စွံ့ ရဲသော်လည်း နိုင်ငံရေး အတွေ့အကြုံ နုနယ် သေးသည့် ကျောင်းသားထု တွင်း သို့ထိုးဖေါက်ပြီး ၀ါဒရေးရာများနှင့် မစည်းရုံးဘဲ ဖြစ်စေချင် သည်များကို ကျောင်းသားသမဂ္ဂ အမည်နှင့် ကြေငြာချက်များ ထုတ်ခဲ့သည်။

ဗကပသည် ဦးနေ၀င်း လုပ်မည့်ရွေးကောက်ပွဲကို သူတို့မပါဝင်ရ၍ ရွေးကောက်ပွဲသည် အတုအယောင်ကြီး သာဖြစ်ကြောင်း စစ်မှန်သော ရွေးကောက်ပွဲ ရရန် ကြားဖြတ် အစိုးရဖွဲ့ပြီး ထိုအစိုးရက တရားမျှတသော ရွေးကောက်ပွဲကို ဆောင်ရွက်ပေးပြီး အနိုင်ရ ပါတီကိုလွှဲပေးရမည် ဖြစ်ကြောင်း ကြားဖြတ်အစိုးရ ကို တောင်းဆိုရန် လူထုကို မြောက်ပင့်ပေး လေတော့သည်။

ဦးနေ၀င်းအနေနှင့် ကြားဖြတ် အစိုးရကို လက်ခံလျှင် သူကြိုးစင် တက်ရမည် ဖြစ်သဖြင့် လုံးဝ လက်မခံနိုင်ပါ။
ကြားဖြတ် အစိုးရရရန် ၀န်ကြီးဌာန အားလုံး အထွေထွေ သပိတ်မှောက်ရန် ဗကပသည် လူထုကြီးကို သွေးထိုး သောကြောင့် ၈၈၈၈ စတင်လေတော့သည်။

သပိတ်ကြီး စတင်သောအခါ တိုင်းပြည် လည်ပတ်မှု့ရပ်တန့်သွားစေသည်။
ထိုအခါ စစ်တပ်အတွက် လစာ၊ရိတ်ခါ ထောက်ပံ့မှု့ မရနိုင်တော့လျှင် စစ်တပ်က သူ့ဖက် သေနတ်ပြောင်း လှည့်လာမည် ကို ဦးနေ၀င်း နားလည်သိရှိ ကြောက်သော ကြောင့် ဗိုလ်ခင်ညွှန့်အားသပိတ်ကို နည်းမျိုးစုံသုံးပြီး ဖြိုခွင်းရန် အမိန့်ပေးလေတော့သည်။

နောက်ဆုံးဍ် ဗိုလ်စောမောင် ကို အာဏာသိမ်းရန် အမိန့်ပေးလိုက်ရတော့သည်။

ဦးနေ၀င်းအနေနှင့် ရွေးစရာလမ်းမရှိတော့။
သူလုပ်ပေးမည့် ရွေးကောက်ပွဲကို လက်မခံပဲ ကြားဖြတ်အစိုးရ ရရန် တောင်းဆိုပြီး နောက်ဆုံး အထွေထွေ သပိတ်နှင့် အကြပ်ကိုင် သောကြောင့် သူ၏ လုံခြုံရေးထွက်ပေါက် ပိတ်ခံရ တော့သည်။

“တရုတ်စစ်ပါရဂူစွန်ဇူးက ရန်သူ့ကိုတိုက်ခိုက်လျှင် သူ့ဆုတ်လမ်းကို ဖွင့်ပေးပြီးတိုက်ခိုက်ရန်။ ထွက်ပေါက်ပိတ်ပြီးတိုက်ပါက ချောင်ပိတ်မိပြီး ပွဲကြာပြီး အခံမသင့်လျှင် မိမိပြန်ပြီး ရှုံးနိမ်းတတ်သည် ဟုဆိုခဲ့သည်။”

- ကြားဖြတ်အစိုးရကို ဦးနေ၀င်းလက်ခံလျှင် ကြိုးစင်တက်ရမည် ဖြစ်ရု လက်မခံနိုင်သည်ကို လူတိုင်းအသိဖြစ်သည်။
ဦးနေ၀င်းထံတွင် စစ်တပ်ရှိ၍ မိမိထံတွင် အပ်တို တစ်ချောင်းမရှိဘဲ ဗကပ သွေးထိုးမှု့ကြောင့် ဦးနေ၀င်း ကိုထွက်ပေါက် မပေးဘဲ ဂျောင်ပိတ် တိုက်ခြင်းသည် မိမိအမှားဖြစ်သည်။

ဒီမိုကရေစီ ၁၀၀% ရရှိမှတိုင်းပြည်တိုးတက်လာမည် မဟုတ်။
ယနေ့အိမ်နီးချင်းအရှေ့တောင်အာရှတွင်တိုးတက်နေသော နိုင်ငံအားလုံးတွင် ဒီမိုကရေစီ အပြည့် ၀လုံးဝလုံးမရှိပါ။

ထိုမရှိသောနိုင်ငံများကိုပင် မိမိတို့က အားကျပြီး သုတို့နိုင်ငံလောက် ဖြစ်လျှင် တော်ပါပြီ ဟုအားလုံးက လက်ခံယူဆ လာကြသည်
All these comments r 100% true.Who can give counter comments?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်