Subscribe to our RSS Feed

အမေရိကန်တွင် ကြောင်တစ်ကောင်ကို မြို့ တော်ဝန် တစ်ဦးအဖြစ် ခန့်အပ်ထား

From :innewsmyanmar


ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ ယူဆပေမယ့် တကယ်ကို ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း အလက်စကာပြည
်နယ်ရှိ Talkeetna မြို့ 
ငယ်လေးရဲ့  မြို့ တော်ဝန်အဖြစ် Stubb အမည်ရ ကြောင်ကို မြို့ တော်ဝန် အဖြစ် ခန့်အပ်ထားပါတယ်။ ခန့်အပ်ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ် ဇူလိုင်လက Talkeetna မှ မြို့ တော်ဝန် ရွေးကောက်ပွဲ လုပ်ကြ
ပါတယ်။ လူဦးရေ ၉၀၀ ပဲရှိတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။ ဘယ်သူမှ ဘယ်သူ့
ကိုမှ မြို့ တော်ဝန် မခန့်ချင်ကြပါဘူး။ ဒါကြောင့် အားလုံး ပြောင်ပြောင်
နောက်နောက်နဲ့ မဲစာရွက်မှာ ကြောင်အမည် Stubb ကိုထည့်ပြီး မဲပေးကြ
ပါတယ်။ ဒါကြောင့် Candidate စာရင်းမှာ မပါပေမယ့် Write in Candidate တစ်ဦး ဖြစ်လာပြီး အားလုံး ချီးမြောက်မှုကြောင့် မြို့ တော်ဝန် ဖြစ်သွားရ
ရှာပါတယ်။

ယနေ့ထိတိုင်လည်း မြို့ တော်ဝန်ပဲ ဖြစ်ပါတယ်။ ၁၉၉၇ ၊ဧပြီလ ၁၂ ရက် က မွေးဖွားပြီး ယနေ့ဆိုရင် ၁၅ နှစ်ကျော်သွားပါပြီ။ မသေမချင်း တစ်သက် လုံး မြို့ တော်ဝန် ရာထူးနဲ့ Talkeetna ကို အုပ်ချုပ်သွားရမယ့် ပုံ ပေါ်ပါတယ်။
ရေတောင် ဖန်ခွက်နဲ့တိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့  အရာရှိမှတ်တမ်း
စာရင်းထဲလည်း တကယ်ထည့်ထားရပြီး Talkeetna မြို့ တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ဒါကြောင့် ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်ထားတဲ့ Talkeetna မြို့ ဟာ တစ်နေ့ကို ကမ္ဘာလှည့်ခရီးသွား ၄၀ ကျော် လာရောက်လေ့လာပြီး အမေရိကန်မှာ လည်ပတ်စရာ မြို့ တစ်ခု ဖြစ်လာပါတယ်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်