Subscribe to our RSS Feed

E-Pension Card ဖြင့် ပင်စင်လစာများ မန္တလေးမြို့၌ ထုတ်ပေးမည်

From : ခေတ်လူငယ်


 မန္တလေးမြို့ မြန်မာ့စီးပွားရေးဘဏ်များ၌ အငြိမ်းစားဝန်ထမ်းများအားနိုဝင်ဘာလမှစ၍ အီးပင်စင်ကတ်ဖြင့် ပင်စင်လစာများ ထုတ်ပေးသည်အီးပင်စင်စနစ်ဖြင့် ပင်စင်လစာ ထုတ်ယူလျှင် လဆန်း ၁ ရက်မှ ၂ဝ ရက်
အတွင်း ထုတ်ယူပါက ပြီးခဲ့သည့် လအတွက် အကျုံးဝင်ပြီး လတစ်လ၏ ၂၁ ရက်မှ လကုန်ရက်အတွင်း ထုတ်ယူလျှင် အဆိုပါလအတွက် အကျုံး
ဝင်သည်။ အီးပင်စင်ကတ်အတွက် ကျပ် ၃၅ဝဝ ကျသင့်ပြီး သုံးကြိမ် အရစ်ကျ ပေးသွင်းနိုင်သည်။ထုတ်ပေးငွေ ကျပ် ၅ဝဝဝ အထက်အား တံဆိပ်ခေါင်းဖိုးငွေ ငါးကျပ်ကို ပင်စင်လစာမှ ဖြတ်ယူထားသည်။ ကိုယ်စားလှယ်ဖြင့် ပင်စင်လစာ ထုတ်ယူလိုပါက အီးပင်စင်ကတ်နှင့်အတူ ကိုယ်စားလှယ်လွှဲစာ တင်ပြ၍ ထုတ်ယူနိုင်သည်။ အီးပင်စင်စနစ်ဖြင့် ပင်စင်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား ခြောက်လ တစ်ကြိမ် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး
အငြိမ်းစားဝန်ထမ်းများ ကွယ်လွန်လျှင် အီးပင်စင်ကတ်ကို ဘဏ်သို့ အပ်နှံပြီး မိသားစုပင်စင် လျှောက်ထားရမည်။ အီးပင်စင်ကတ် အသုံးပြုခြင်းဖြင့် ပင်စင်လစာငွေများ တန်းစီစောင့်ဆိုင်းရမှုများမှကင်းဝေး၍လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ကြောင်း သိရှိရသည်။



 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်