From :ခေတ်လူငယ်
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ် အသုံးပြုလိုသူများသည် လျှောက်လွှာပုံစံကို “www.mpt.net.mm” Website တွင် Download ပြုလုပ်ပြီး လိုအပ်သော စာရွက်စာတမ်းများအား ပူးတွဲလျက် စာအိတ်ပေါ်တွင် အင်ဂျင်နီယာချုပ်၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ ရုံးချုပ်အခြေစိုက် ပြည်ပဆက်သွယ်ရေး အဆောက်အအုံ (၈)မိုင် မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ လိပ်မူ၍ လျှောက်ထားနိုင်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ADSL စနစ် အသုံးပြုလိုသူများသည်လည်း ဖော်ပြပါ Website တွင် Download ပြုလုပ်ပြီး လိုအပ်သော စာရွက်စာတမ်းများအား ပူးတွဲလျက် စာအိတ်ပေါ်တွင် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာသို့ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်