Subscribe to our RSS Feed

၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ဒုတိယအဆင့် ငမိုးရိပ် စီမံကိန်း ရေသန့်စင် စက်ရုံ အပြီးပြုလုပ်မည်

From : mrtv4

လက်ရှိမှာ ဆောက်လုပ် လျက်ရှိနေတဲ့ ဒုတိယ အဆင့် ငမိုးရိပ် ရေသန့်စင် စက်ရုံ စီမံကိန်းကို လာမယ့် ၂၀၁၃ ခုနှစ်၊ နှစ်လယ်ပိုင်းမှာ အပြီးပြုလုပ် သွားမှာ
ဖြစ်တယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှာ ကျင်းပခဲ့တဲ့ ရန်ကုန် ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ ရှင်းလင်း တင်ပြတဲ့ အခမ်းအနားမှ သိရပါတယ်။ အဲ့ဒီ ငမိုးရိပ် ရေသန့်စင် စက်ရုံ စီမံကိန်း ဒုတိယ အဆင့်ကို ၂၀၀၆ ခုနှစ်က စတင် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ အဆိုပါ ဒုတိယ အဆင့် ငမိုးရိပ် စီမံကိန်းနဲ့ ပတ်သက်ပြီး ဆောင်ရွက် ပြီးစီးမှုမှာ အကြို အနည်ထိုင်ကန်၊ အကြို ရေစုကန်၊ အနိမ့်တင် ရေတင်စက်၊ အနည်စု အဖွဲ့ကန်၊ အနည်ထိုင်ကန်၊ ရေစစ်ကန်၊ ရေတွန်း စက်ရုံနဲ့ ရေစုပ်ကန် အစရှိတာတွေကို ဆောင်ရွက် ပြီးစီးတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ၂၀၀၅ ခုနှစ် မတိုင်မီက ရန်ကုန်မြို့ တော်ကို တစ်နေ့ ရေဂါလံ ၉၅ သန်းသာ ပေးဝေနိုင်ခဲ့ပြီး ငမိုးရိပ် စီမံကိန်း ပထမ အဆင့်မှ ရေဂါလံ ၉၅ သန်း၊ မြေအောက် ရေပေးဝေရေး စခန်းများမှ ထပ်မံ ပေးဝေ နိုင်မှုကြောင့် အခုအခါ တစ်နေ့ကို ရေဂါလံ သန်း ၁၆၀ အထိ ပေးဝေ နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခု ဆောင်ရွက် နေတဲ့ ငမိုးရိပ် စီမံကိန်း ဒုတိယ အဆင့် ပြီးစီးပါက တစ်နေ့ကို ရေဂါလံ ၄၅ သန်း ထပ်မံ ပေးဝေနိုင်မှာ ဖြစ်တဲ့ အတွက် စုစုပေါင်း ရေဂါလံ ၂၀၅ သန်း အထိ တိုးမြှင့်ပေးဝေ နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်