From : mrtv4
Myanmar Express
ဆက်သွယ်ရေး၊ သတင်း အချက်အလက်၊ ကြိုးမဲ့ ဆက်သွယ်ရေး၊ ဆက်သွယ်ရေး ကွန်ယက် အစရှိတဲ့ ဆက်သွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း
လိုင်စင်၊ နည်းပညာ ဆိုင်ရာ စံချိန်စံညွှန်း စတာတွေ ပါဝင်တဲ့ ဆက်သွယ်ရေး ဥပဒေကြမ်းကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော် က ပြဋ္ဌာန်း လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ ဥပဒေကြမ်း ပြဋ္ဌာန်းလိုက်ပြီ ဖြစ်တဲ့ အတွက်ကြောင့် ၁၈၈၅ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ The Myanmar Telegraph Act နှင့် ၁၉၃၄ ခုနှစ်မှာ ပြဋ္ဌာန်း ထားတဲ့ The Myanmar Wireless Telegraph Act (1934) တို့ကို ရုပ်သိမ်း လိုက်တယ်လို့ ပြဋ္ဌာန်းချက် အရ သိရပါတယ်။
အခု ထွက်ရှိ လာတဲ့ ဆက်သွယ်ရေး ဥပဒေကြမ်းမှာ အခန်း ၂၀ ပါဝင်ပြီး ဆက်သွယ်ရေး ၀န်ဆောင်မှု ဆိုင်ရာတွေနဲ့ စီမံခန့်ခွဲရေး ကိုလည်း ထည့်သွင်း ရေးဆွဲ ထားပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ နိုင်ငံတော်မှ လက်ခံ အတည်ပြု ထားတဲ့ အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေး ကွန်ဗင်းရှင်းများပါ ပြဋ္ဌာန်းချက် များကို အကောင်အထည် ဖော်ဆောင်ရွက် ရာမှာလည်း ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေကို အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေး အဖွဲ့ အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ပြီး ညှိနှိုင်း ဆောင်ရွက် နိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ဥပဒေမှာ ပါဝင်တဲ့ အခန်း ၁၉ ပြစ်မှုနဲ့ ပြစ်ဒဏ်များ အရ ညစ်ညမ်းသော သတင်း အချက်အလက်များ ပေးပို့ခြင်း၊ ဆက်သွယ်ရေး ကွန်ရက် တစ်ခုကို အသုံးပြုပြီး လူတစ်ဦး တစ်ယောက်အား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေ ဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်းနဲ့ ခြိမ်းခြောက်ခြင်းတို့ ပြု လုပ်ခဲ့ပါက ပြုလုပ်သူကို ငါးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ဒဏ်နှစ် ရပ်စလုံး ဖြစ်စေချမှတ် သွားဖို့ ပြဋ္ဌာန်း ထားတယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်