Saturday, November 10, 2012
ME
From : planet
အီရန်တိုက်လေယာဉ်များသည် ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံတကာ
လေကြောင်းပိုင်နက်တွင် အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စင်းအား လိုက်လံ
ပစ်ခတ်ခဲ့သော်လည်း ပစ်မှတ်ကို မထိခဲ့ဟု အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က
ပြောဆိုခဲ့သည်။
အီရန်စစ်တပ်သည် မိမိတို့၏ မောင်းသူမဲ့
လေယာဉ် တစ်စင်းကို ပစ်ခတ်ခဲ့ကြောင်း အမေရိကန်က ထုတ်ဖော် ပြောကြားလိုက်သည်။
အီရန်တိုက်လေယာဉ်များသည် ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံတကာ
လေကြောင်းပိုင်နက်တွင် အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စင်းအား လိုက်လံ
ပစ်ခတ်ခဲ့သော်လည်း ပစ်မှတ်ကို မထိခဲ့ဟု အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က
ပြောဆိုခဲ့သည်။

အမေရိကန်က အသေးစိတ် အချက်အလက်များကို မပြောဆိုသော်လည်း ထိုကိစ္စအတွက်
တီဟီရန်ရှိ အီရန် အစိုးရထံ သံခင်းတမန်ခင်းအရ သတိပေးထားကြောင်း ဆိုသည်။
နိုဝင်ဘာ (၁)ရက်နေ့က အီရန်သည် အမေရိကန် မောင်းသူမဲ့ လေယာဉ်အား လိုက်လံ
ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။ ပင်တဂွန်က အီရန်သည် ထိုမောင်းသူမဲ့ လေယာဉ်ကို
ထိခိုက်အောင် ပစ်ခတ်နိုင်ခဲ့ပါက အခြေအနေ အလွန်ဆိုးသွားလိမ့်မည်ဟုလည်း
ပင်တဂွန်က သတိပေးခဲ့သည်။ SU-25 Frogfoot အမျိုးအစား အီရန် တိုက်လေယာဉ်
နှစ်စင်းသည် အမေရိကန် မောင်းသူမဲ့ လေယာဉ်ကို ဒေသစံတော်ချိန် နံနက်
(၄)နာရီခွဲတွင် ပါရှန်းပင်လယ်ကွေ့၌ လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
ထိုမောင်းသူမဲ့ လေယာဉ်သည် ပင်လယ်ကွေ့ ဒေသအတွင်း ထောက်လှမ်းရေး
လုပ်ငန်းများ ဆောင်ရွက်နေစဉ် အီရန်ကမ်းခြေမှ ရေမိုင် (၁၆)မိုင် အကွာတွင်
ကြားဖြတ် တိုက်ခိုက် ခံရခြင်း ဖြစ်သည်။ ထိုလေယာဉ်ကို အီရန် လေပိုင်နက်
ကျော်လွန်ကာ မိုင်အနည်းငယ်မျှ အကွာထိ အီရန် တိုက်လေယာဉ်များက လိုက်လံ
တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်က စွပ်စွဲထားသည်။ နိုင်ငံတကာ ရေပိုင်နက်
နယ်မြေသည် နိုင်ငံတစ်နိုင်ငံ ကမ်းခြေ၏ ရေမိုင် (၁၂)မိုင် အကွာမှ စတင်ပြီး
ပင်တဂွန်က မိမိတို့၏ လေယာဉ်သည် အီရန်၏ နယ်နိမိတ်ကို မကျူးကျော်ခဲ့ဟုလည်း
အခိုင်အမာ ပြောဆိုသွားသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်