From :အင်တာနက်
သဘာဝဆိုတာ တကယ့် စွမ်းအင်ကို ရစေတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဒါကို သက်သေထူတဲ့ လူငယ်တဦးကတော့ ထိုင်း နိုင်ငံက တက္ကသိုလ် ကျောင်းသား တဦးပါ။ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တောင်းပိုင်းတ၀ိုက်ပြီးခဲ့တဲ့ ရေကြီးမှုတွေဖြစ် တော့ လျှပ်စစ်မီးတွေပျက်၊ တယ်လီ ဖုန်းတွေလည်း ဘက်ထရီ အားသွင်းလို့ မရတော့တဲ့အခါ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ် သွားခဲ့တဲ့ သင်္ခန်းစာကို ထိုင်းနိုင်ငံ သားတွေ ရခဲ့ကြပါတယ်။ အဲဒီကနေ ထိုင်းကျောင်းသားလူငယ်တဦးက တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ လုပ်ခဲ့ပါတယ်။ သူကတော့ ဘက်ထရီ အားပြန်သွင်းဖို့အတွက် ရေနွေးငွေ့နဲ့ ဖန်တီးထားတဲ့ Thermoelectric Power Generator အဖြစ် ပုံမှာ ပြသ ထားတဲ့အတိုင်း တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အရေးပေါ် ဘက်ထရီ အားပြန်သွင်းလို့ ရနိုင်ပါတယ်။ အခုတော့ ထိုင်းနိုင်ငံ သတင်းမီဒီယာတွေကပါ အဲဒီလို တီထွင်ပြခဲ့တဲ့ ဘက်ထရီ ဓာတ်အားပြန်သွင်းတဲ့ စနစ်ကို အကျယ်တ၀ံ့ ဖော်ပြသွား ခဲ့ပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်