Subscribe to our RSS Feed

အီတလီနိုင်ငံ တုရင်မြို့နှင့် မြန်မာနိုင်ငံရန်ကုန်မြို့တို့ကိုညီအစ်မ မြို့တော် အဖြစ်သတ်မှတ် ဆက်သွယ်ရေးဆွေးနွေး

From :သမ္မတရုံး



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီခွဲ တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဗီယင်ကျန်းမြို့ရှိ National Convention Centreဧည့်ခန်းမ၌ အီတလီနိုင်ငံဝန်ကြီးချုပ် H.E Mr. Mario Montiနှင့် တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဦးကျော်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်တို့ တက်ရောက်ကြပြီး အီတလီနိုင်ငံဝန်ကြီးချုပ်နှင့် အတူ သံတမန်ရေးဆိုင်ရာ အကြံပေး သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ယင်းသို့ တွေ့ဆုံစဉ်   မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနယ်ပယ်တွင် တက်ကြွစွာ ပိုမိုပူးပေါင်းပါဝင်လာနိုင်ရေး အတွက် အီးယူကချမှတ်ထားသော ပိတ်ဆို့အရေးယူမှု အားလုံးကို အမြန်ဆုံးပယ်ဖျက်ပေးရန်နှင့် GSP အခွင့်အရေးကို ပြန်လည်ပေးအပ်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ တိုးမြှင့်ပေးအပ်သွားရေး၊  အီတလီ နိုင်ငံသို့ ပေးဆပ်ရန် ကျန်ရှိသည့် ချေးငွေများပယ်ဖျက်နိုင်ရန် ယခုနှစ်အတွင်း သဘောတူညီချက်  လက်မှတ်ရေးထိုးနိုင်ရေးနှင့်  သက်သာသော ချေးငွေများ ထပ်မံ ပေးအပ်သွားရေး၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရာတွင် လိုအပ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်နိုင်ရေးနှင့်  ပံ့ပိုးကူညီရေး၊  အီတလီနိုင်ငံ တုရင်မြို့နှင့်  မြန်မာနိုင်ငံရန်ကုန်မြို့တို့ကို ညီအစ်မ မြို့တော်အဖြစ် သတ်မှတ်၍ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ရေး၊ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်  ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် မြန်မာနိုင်ငံကိုဦးစားပေး ထည့်သွင်းဆောင်ရွက်ရေး၊  မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည့် အီတာလျံရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ကုမ္ပဏီအား ရင်းနှီးမြှုပ်နှံရာတွင် OECD ကချမှတ်ထားသော လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အချက်အပေါ်  လိုက်နာဆောင်ရွက်ရန် အားပေးရေး စသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်