Subscribe to our RSS Feed

ရခိုင် ပြည်နယ် အတွင်း ကယ်ဆယ်ရေး စခန်းများမှ ရွှေ့ပြောင်း ပြည်သူများအား နယ်မြေခံ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိ

From :မြဝတီ


  
 ရခိုင် ပြည်နယ် အတွင်း ကယ်ဆယ်ရေး စခန်းများရှိ ရွှေ့ပြောင်း ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နိုဝင်ဘာ ၅ ရက် နေ့တွင် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ ၃ ဖွဲ့ခွဲ၍ ကျမ်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိ ရာ ကျောက်ဖြူ မြို့နယ်တွင် ဆေးကုသရေး အဖွဲ့ ၁ အနေဖြင့် သံဖြူကျောင်း ကယ်ဆယ်ရေး စခန်းမှ ရွှေ့ပြောင်း ပြည်သူ ၃၉ ဦး၊ ကျောက်တစ်လုံး ဆားကွင်း ကယ်ဆယ်ရေး စခန်းမှ ရွှေ့ပြောင်း ပြည်သူ ၂၆၀ ဦး၊ စုစုပေါင်း ၂၉၉ ဦးတို့အား လည်းကောင်၊ မြေပုံ မြို့နယ်တွင် ဆေးကုသရေး အဖွဲ့ ၂ အနေဖြင့် ကံသာထွန်းဝ ကယ်ဆယ်ရေး စခန်းများမှ ရွှေ့ပြောင်း ပြည်သူ ၁၂၆ ဦး၊ တောင်ပေါ် ရပ်ကွက် ကယ်ဆယ်ရေး စခန်းမှ ရွှေ့ပြောင်း ပြည်သူ ၁၈၅ ဦး၊ စုစုပေါင်း ၃၁၁ ဦး တို့အား လည်းကောင်း၊ မြောက်ဦး မြို့နယ်တွင် ဆေး ကုသရေး အဖွဲ့ ၃ အနေဖြင့် ယိုင်သည် ကျေးရွာမှ ရွှေ့ပြောင်း ပြည်သူ ၁၃၀ ဦး၊ ပုရိန် ကျေးရွာမှ ရွှေ့ပြောင်း ပြည်သူ ၁၂၀ ဦး၊ စုစုပေါင်း ၂၅၀ ဦး တို့အား လည်းကောင်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့သည်။

ယနေ့တွင် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ အနေဖြင့် ကယ်ဆယ်ရေး စခန်း အသီးသီးမှ ရွှေ့ပြောင်း ပြည်သူ ၈၆၀ ဦးတို့အား လိုအပ်သည့် ကျမ်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည့် အပြင် ကျန်းမာရေး အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး အတွက် သရုပ် ပြသခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး များကို လက်တွေ့ သရုပ် ပြသခြင်း၊ ပညာပေး ဟောပြောခြင်း လုပ်ငန်းများ ပြုလုပ်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။



Myanmar Express 

2 comments:

တိုင်းပြည်နဲ့လူမျိုးအတွက်တကယ်အလုပ်နေတဲ့သူတွေရဲ့ဘဝကနားချိန်ဆိုတာစားတဲ့အချိန်နဲ့အိပ်ချိန်လောက်ပဲရှိတယ်။သီးသန့်အနားယူချိန်ဆိုတာတကယ်ကိုမကြုံရသေးဘူး။ရဲဘော်ဆက်လုပ်ပါ။

ပြည်သူထဲမှမွေးဖွါးလာတာဆိုတော့ တကယ်ဖြစ်တော့တကယ်ကူနိုင်ပြီပေါ့
မြန်မာမိဘမွေးပေမယ့် ပြည်ပမှာ လူလိုအဆုံးအမအသွန်အသင်မခံရတယ့်
သူကတော့ ဘုရားမှန်း ကုလားမှန်းမသိကိုးကွယ် နေတယ်ဆိုတာ မျက်မြင် သက်သေပါဘဲ ။ ရခိုင်တိုင်းရင်းသားအရေးမှ ကာကွယ်ရေးဌာနမှ ၀န်ထမ်းများဖြစ်သောတပ်မတော်သားများအား ရခိုင်တိုင်းရင်းသားညီနောင်ဖွာများကိုယ်စား အထူးကျေးဇူးတင်ကြောင်း
အသိပေးအပ်ပါတယ်။အလားတူ ကုလားများအားငွေကြေးရမက်အရ ဖက်လိုက်ဆုံးဖြတ်သော ပြည်ထဲရေးဝန်ကြီးဌာန နှင့် နိုင်ငံတကာဆက်ဆံရေးအား အကာအကွယ်ပြု ဖက်လိုက်ပေးနေသောနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်သူအရေးအားမျက်ကွယ်ပြု ကိုယ့်အာဏာတည်မြဲရေးအတွက်သာ လုပ်ဆောင်နေသော လွတ်တော်ကိုယ်စားလှယ်များ နှင့် တိုင်းတပါးကျေးကျွန် NLD ပါတီနှင့် ပါတီခေါင်းဆောင် စုကြည်တို့ အားနိုင်ငံတော်အပေါ်စော်ကားခြင်း အမျိုးဘာသာသာသနာအား မစောင့်လျှောက်နိုင်ခြင်းတို့အတွက် စက်စုပ်ရွံရှာမိပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်