From :သမ္မတရုံး
ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏
ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်မှုများအပေါ် ထောက်ခံအားပေးရေး၊
ယခုလအတွင်း မြန်မာနိုင်ငံတွင် ဒိန်းမတ်နိုင်ငံသံရုံး
ဖွင့်လှစ်ခဲ့ပြီးနောက် နှစ်နိုင်ငံချစ်ကြည်ရေးနှင့်
ဘက်စုံပူးပေါင်းဆောင်ရွက်မှုများတိုးတက် မြှင့်တင်ရန်အတွက်
ဆက်လက်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ နယ်ပယ်တွင်
တက်ကြွစွာ ပိုမိုပူးပေါင်းပါဝင်လာနိုင်ရေး အတွက် အီးယူကချမှတ်ထားသော
ပိတ်ဆို့အရေးယူမှု အားလုံးကိုအမြန်ဆုံးပယ်ဖျက်ပေးရန်နှင့် GSP
အခွင့်အရေးကို ပြန်လည်ပေးအပ်ရေး၊ ဒိန်းမတ်နိုင်ငံမှ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် စီးပွားရေး
ကိုယ်စားလှယ်အဖွဲ့ မကြာမီလာရောက်ရေးစသည့် ကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
နေပြည်တော် နိုဝင်ဘာ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲတွင်
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National
Convention Centre ၌ ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် H.E Mrs. HelleThorning
Schmidtနှင့် တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံရာတွင်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းတို့ တက်ရောက်ကြပြီး
ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်