Subscribe to our RSS Feed

နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာ၌ ဓါတ်အားပေးစက်ရုံတည်ဆောက်မည်

From : မြစ်မခ

 နောင်ချိုမြို့နယ်၏ အကြီးမားဆုံး လိုအပ်ချက်ဖြစ်သည့် (၃၃)KV ဓါတ်အားပေးစက်ရုံအား တည်ဆောက်ရန်  ခွင့်ပြုချက်ရ ရှိပြီဖြစ်ကြောင်းနောင် ချို မြို့နယ် အမှတ်(၁) မဲဆန္ဒနယ် တ.စ.ညပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ထံက သိရသည်။
ယခင်က နောင်ချိုမြို့နယ်မှာ ပြင်ဦးလွင် ကျွန်းနှစ်ပင် လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ လျှပ်စစ်ဓါတ်အားများကို တဆင့်ယူဆောင်နေရခြင်းဖြစ်ပြီး ယခုအခါ နောင်ချိုမြို့နယ်နှင့် (၁၄)မိုင်ဝေးသော အုမ္မခါးကျေးရွာတွင် (၃၃)KVဓါတ်အားပေးစက်ရုံတစ်ခုတည်ဆောက် တော့မည် ဖြစ်သည်။
အဆိုပါ ဓါတ်အားပေးစက်ရုံ တည်ဆောက်မြေနေရာအတွက် နောင်ချို တ.စ.ညပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က သူပိုင်ဆိုင်သည့် လယ်ယာမြေ(၁၂)ဧက လှူဒါန်းထားကြောင်း သိရသည်။
 “အရင်ကနောင်ချိုက ပြင်ဦးလွင်ကနေပဲ ခွဲယူနေရတာ၊ အခုမြေနေရာက လယ်မြေဖြစ်နေလို့စာတင်ထားရတယ်၊ စာကျလာတာ နဲ့အကောင်အထည်ဖော်သွားမှာပါ၊ တောင်းခမ်းဘက်တွေပါ မီးပေးနိုင်အောင် လုပ်သွားမှာပါ”ဟု နောင်ချိုမြို့နယ်မှ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကိုကို အောင်က ပြောသည်။
နောင်ချိုမြို့နယ်အတွင်းရှိ ညောင်ဒေါင့် အ.မ.က ကျောင်းခွဲအား အ.လ.က ကျောင်းအဖြစ်သို့ လည်းကောင်း၊နောင်ချိုဘူတာရပ်မှ အ.လ.ကခွဲအားအ.ထ.ကကျောင်းအဖြစ်သို့လည်းကောင်း ရေရှားပါးသော ကျေးရွာများအတွက် ရေတွင်း(၁၂)တွင်း၊ နောင်ချိုမြို့နယ်မှ (၅)နေရာအတွက် တာဝါတိုင်(၅)ခုနှင့် အုမ္မခါးကျေးရွာတွင် (၃၃)KV ဓါတ်အားပေး စက်ရုံတည်ဆောက်ရန်စသည့် ကိစ္စရပ်များအား တ.စ.ည ပါတီက အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
 “နောင်ချိုမြို့နယ်မှာ အဓိက လိုအပ်တာတွေကို လွှတ်တော်မှာ အဆိုတင် သွင်းတာပါ၊ အခု သက်ဆိုင်ရာ ကဏ္ဍအလိုက်လည်း လုပ်ဆောင်နေပါပြီ”ဟု နောင်ချို တ.စ.ည ပါတီမှ ဦးစိန်ဝင်း က ပြောသည်။
နောင်ချိုမြို့နယ်အတွက် တာဝါတိုင်(၅) နေရာ အသစ်တည်ဆောက်ခွင့်ပြုထားရာ တောင်းခမ်း ကျေးရွာအုပ်စု၌ တာဝါတိုင်(၂)ခု တည်ဆောက်မည်ဖြစ်ပြီး ၊ကျန်တာဝါတိုင်များကို သုံးဆယ် အုပ်စုတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
တရုတ်ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းဆောက်လုပ်သည့်ကုမ္ပဏီမှ နောင်ချိုမြို့ရှိ ဘူတာရပ်ကွက်မှ အ.လ.ကကျောင်း အား  နှစ်ထပ်စာသင်ဆောင်တစ်ဆောင်ဆောက်လုပ် လှူဒါန်းထားပြီး ဆောက်လုပ်လျှက်ရှိရာ လက်ရှိအချိန်တွင် (၉၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
 Myanmar Express

2 comments:

Electricity can reduce the difference of living standard between the village-dwellers and town-dwellers.

ဘယ်လောက်တည်ဆောက်တည်ဆောက် ဓါတ်အားတွေကပျောက်ပျောက်နေတာ .. မီးပျက်တာက ပျက်နေတာပါဘဲ ..လျပ်စစ်ဝန်ကြီးပြောသလို ကျွတ်ကျွတ်နဲ့ ထုတ်ရောင်းနေလားမှမသိတာ .. ၀န်းကြီးပြောတာကတော့ ပိုလျံနေပြီဆို

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်