Subscribe to our RSS Feed

အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း အလွန်တွင် ရုရှား ရေငုပ် သင်္ဘော တစ်စင်း ရှာဖွေ တွေ့ရှိ

From : မြဝတီ

အမေရိကန် ရေတပ်သည် နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှ မိုင် ၃ဝဝ အကွာရှိ ရေပြင် အတွင်း၌ Seirra-2 ရုရှား နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘော တစ်စင်းကို အောက်တို
ဘာလ အတွင်းက ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း အမေရိကန် ရေတပ် တာဝန် ရှိသူ များက ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ် တွင် နိုဝင်ဘာ ၇ ရက်က ဖော်ပြ ခဲ့သည်။

သို့ရာတွင် အဆိုပါ ရေငုပ် သင်္ဘောသည် အမေရိကန် ရေပိုင်နက် အတွင်းသို့ ဝင်ရောက်ခြင်း၊ အမေရိကန် ရေတပ် သင်္ဘော များ နောက်သို့ လိုက်ပါ လာခဲ့ခြင်း မရှိကြောင်း သိရသည်။ ၎င်းရေငုပ် သင်္ဘောသည် ဖလော်ရီဒါ ကမ်းလွန်တွင် အမေရိကန် စစ်သင်္ဘော များ ရေကြောင်း ဆိုင်ရာ လေ့ကျင့် မှုများ ပြုလုပ် နေချိန် တွင် ရောက်ရှိ လာခဲ့ခြင်း ဖြစ်ကြောင်း တာဝန် ရှိသူ များ၏ ပြောကြားချက် အရ သိရသည်။

ရုရှား ရေငုပ် သင်္ဘောအား ယခုကဲ့သို့ တွေ့ရှိ ရခြင်းသည် ရုရှား အစိုးရက ၎င်းတို့၏ ပင်လယ် ရေနက်ပိုင်း ကင်းလှည့်ရေး အစီ အစဉ်ကို အကောင် အထည်ဖော် လုပ်ဆောင် နေသည်ဟု ယူဆ ရဖွယ် ရှိကြောင်း အမေရိကန် ရေတပ်မှ တာဝန် ရှိသူ များက ပြောကြား ခဲ့သည်။


 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်