From : မြစ်မခ
မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးနှင့်ပတ်သက်သော အသိပညာပေးသင်တန်း
တွင် ဘွဲ့ရလူငယ်များကို ပထဆုံးအနေဖြင့် နိုင်ငံရေးသုတေသီများက သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းအား လုပ်ငန်းရှင်များနှင့် သင်တန်းဖြစ်မြောက်ရေးအဖွဲ့မှ လှူဒါန်းငွေများဖြင့် အခမဲ့ သင်ကြားပို့ ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား ဦးရေ (၆၀)ကန့်သတ်ထားကြောင်း၊ နိုဝင်ဘာ(၁၁)ရက်နေ့မှ ဒီဇင်ဘာ
(၁၆)ရက်နေ့အထိ တနင်္ဂနွေနေ့တိုင်း နေ့လည်(၂)နာရီမှ ညနေ (၄)နာရီ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
"ဘွဲ့ရ လူငယ်တွေကို သင်တန်းပေးမယ်။ နိုင်ငံရေးသိပ္ပံ မဟုတ်ပါဘူး။ အမျိုးသား နိုင်ငံရေးနဲ့ပတ်သက်တဲ့ အသိပညာပေးသင်တန်းလေးပါ။
နိုင်ငံရေးသုတေသီတွေက သင်ကြားပေးသွားမှာပါ" ဟု သင်တန်း
တာဝန်ခံ ဦးဝင်းမြင့်က ပြောသည်။
သင်တန်းအား သက်ဆိုင်ရာဘာသာရပ်အလိုက် ဦးဝင်မြင့် ညွှန့်ကြားရေးမှူး (ငြိမ်း)၊ ဦးသိန်းထွန်း (နိုင်ငံရေး သုတေသီ)၊ ဒေါက်တာ အင်ဒရှုး (မြန်မာနိုင်ငံသား)၊ ဦးရန်နိုင်သိမ်း(နိုင်ငံရေးသုတေသီ)၊ ဒေါက်တာ
ကျော်ရင်လှိုင် (နိုင်ငံတော် သမ္မတ အကြံပေး )နှင့် ဒေါက်တာ သော်မွန်
(တွဲဖက်ပါမောက္ခ အမေရိကန် နိုင်ငံမီနီဆိုတာ တက္ကသိုလ်)တို့မှ ပို့ချပေး
သွားမည်ဖြစ်သည်။
ထိုသင်တန်းတွင် နိုင်ငံတကာအခြေခံဥပဒေများကို နိုင်းယှဉ်လေ့လာမူ ဘာသာရပ်၊ ပထ၀ီ နိုင်ရေး ဘာသာရပ်(၁)၊ အမေရိကန် အခြေခံဥပဒေကို
လေ့လာခြင်း၊ ပထ၀ီနိုင်ငံရေး ဘာသာရပ်(၂)၊ နိုင်ငံရေးသိပ္ပံပညာ သိကောင်းစရာ(၁)နှင့် နိုင်ငံရေးသိပ္ပံပညာသိကောင်းစရာ(၂)တို့ကိုသင်ကြား
ပို့ချသွားမည် ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ဒီလိုသင်တန်းမျိုးကို တက်ခွင့်ရမယ့် အခွင့်အရေးက တကယ်အကျိုးရှိပါတယ်၊ ကိုယ်တွေ မသိနားမလည် တဲ့ လေ့လာခွင့်
မရှိတဲ့ နိုင်ငံရေး သဘောတရားတွေ အယူအဆတွေ၊ နိုင်ငံတကာ ဥပဒေတွေပေါ့။ ကျွန်တော်တို့ မသိသေးတဲ့  ဟာတွေကို လေ့လာရမှာဖြစ်
တဲ့အတွက် ဂုဏ်ယူပါတယ်”ဟု တာမွေမြို့နယ်မှသင်တန်းတက်ရောက်ရန်
လျှောက်လွှာတင်ထားသူ လူငယ်တစ်ဦးက ပြောသည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဘွဲ့ရရှိပြီးသူမည်သူမဆိုလျှောက်
ထားနိုင်ပြီး သင်တန်းအား တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးလမ်း၊ အမှတ်(၁၄)၊အုပ်ချုပ်ရေးမှူးရုံးအပေါ်ထပ်တွင် ပြုလုပ်သွားမည် ဖြစ်သည်။
Myanmar Express

3 comments:
သင်တန်းကိုအချိန်ပေးမတက်နိုင်ပေမဲ့ ဟောပြောပို့ချချက်တွေကိုလေ့လာဖတ်ရှုနိုင်အောင် ပုံနှိပ်ရောင်းချပေးရင်သိပ်ကောင်းမှာပါဗျာ။

To know politics is good and acceptable.But, to do politics in practical field is said to be a difficult task.It is not a smooth one.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်