Subscribe to our RSS Feed

ရခိုင်တွင် သေဆုံးသွားသူများ အတွက်မေတ္တာပို့ အမျှဝေဆုတောင်း

From : The Hot News


ရခိုင်ပြည်နယ်အတွင်းအကြမ်း ဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ရဟန်းရှင်လူပြည်သူများအတွက် မေတ္တာပို့အမျှဝေမီးထွန်း ခြင်းဆုတောင်း
ပွဲ အခမ်းအနားကို ၈-၁၁-၂၀၁၂ ညနေ (၄း၃၀)နာ ရီတွင် ကျင်းပခဲ့ရာ အခမ်းအနား ကို နမောတဿ သုံးကြိမ်ရွတ်ဆိုပြီးအခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခြင်း။ အခမ်းအနားပြုလုပ်ရခြင်း အကြောင်းကို
ရှင်းလင်းပြောကြား ခြင်း၊ ရခိုင်ပြည်နယ်ရှိ ရဟန်းရှင် လူများ၏ကြေညာချက်
ကိုဆရာ တော်၊ သံဃာတော်များမှထုတ် ပြန်ကြေညာခြင်း၊ ရခိုင်ပြည်နယ် များအတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားများအတွက် မေတ္တာပို့အမျှဝေဆု တောင်းခြင်း၊ မီဒီယာများ၏ မေးမြန်းချက်များကိုပြန်လည်ဖြေကြား ခြင်း၊မြတ်စွာဘုရားရှင်အားရည် စူးပြီးကွယ်လွန်သွားကြသူများအတွက် ဆုတောင်းခြင်းတို့ပြုလုပ်
ခဲ့ကြသည်။ အဆိုပါအခမ်းအနား နှင့်ပတ်သက်ပြီး ကျင်းပရေးကော် မတီအား စုံစမ်းမေးမြန်းကြည့်ရာ မေတ္တာပို့ဆုတောင်းပွဲကို ရခိုင်လူမျိုးများအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာတစ် နိုင်ငံလုံးရှိ တိုင်းရင်းသားညီအစ်ကို မောင်နှစ်မအားလုံးကိုလည်း အလေးနက် ပန်ကြားလိုသည်မှာ ရခိုင်အရေးသည်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားရေးပင်ဖြစ်ကြောင်းနှင့် ရခိုင် အမျိုးသားထု၏သဘောထား ကြေညာချက်အား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း ပြောကြားခဲ့သည်။

၁။ ကမ္ဘာ့အကြမ်းဖက်ဝါဒီ များနှင့် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်နည်းဖြင့် ဆက်သွယ် နေသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန်နှင့် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ရန်၊
၂။ မြန်မာတစ်နိုင်ငံလုံး၏ အမျိုးသားရေးကို ရှေးရှုသောအားဖြင့် ကရင်ပြည်နယ်သံဃာ့ ဂိုဏ်းပေါင်းစုံအစည်းအဝေးမှ ဆုံးဖြတ်သော ဆုံးဖြတ်ချက်များကို အပြည့်အ၀ ထောက်ခံကြောင်း၊
၃။ ရခိုင်ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်ကို နိုင်ငံတော်
စိုးရက အပြည့်အ၀ ကာကွယ်စောင့်ရှောက်ပေးရန်နှင့် အကြမ်းဖက်
သူများနှင့် အတူယှဉ်တွဲပြီး နေရာချထားခြင်း မပြုရန်၊
၎။ အကြမ်းဖက်သူများ ကြောင့် အသက်ဆုံးရှုံးခဲ့ရသော မိသားစုဝင်များ၊ မီးလောင်ပျက်စီး ခဲ့ရသည့် နေအိမ်အဆောက်အအုံများ၊ ဘုန်းကြီးကျောင်း
များအားလုံးကို ကူညီထောက်ပံ့မှုများ အမြန်ဆုံးပြုလုပ်ပေးရန် စသည့် အချက်များကို တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။


Myanmar Express 

1 comments:

May their souls be in the peaceful place!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်