Subscribe to our RSS Feed

နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ်ရှိ

From : Aye Chan Mon


 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ် ရှိနေဆဲဟု အမေရိကန် အစိုးရ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ အမေရိကန်၏ နိုင်ငံတကာ ရေးရာ ကဏ္ဍများတွင် အဓိက အကြီးအကဲအဖြစ် ဦးဆောင်နေသော ဟီလာရီသည် ရွေးကောက်ပွဲ မတိုင်မီ ကာလကတည်းက လက်ရှိရာထူးကို စွန့်ခွာရန် စဉ်းစားနေကြောင်း သတင်းမျ
ား ထွက်ပေါ်ခဲ့သေးသည်။ လက်ရှိတွင် အမေရိကန် သမ္မတအဖြစ် ဘာရတ်အိုဘားမားပင် ရွေးကောက်ပွဲ အောင်မြင်မှု ဆက်လက် ရရှိခဲ့သည့်တိုင် ဟီလာရီ၏ မူလအစီအစဉ် ပြောင်းလဲဖွယ် မရှိဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်က ပြောဆိုခဲ့သည်။

နူလန်က "ကျွန်မကတော့ ဝန်ကြီးဟာ သူ့အစီအစဉ်ကို ပြောင်းမယ် မထင်ဘူး"ဟု ဆိုသည်။ သူမက "ဝန်ကြီးက သူ့နေရာမှာ အပြောင်းအလဲအဖြစ် ဆက်ခံနိုင်မယ့်သူ တစ်ယောက်ကို မြင်ချင်ပါတယ်လို့ ခဏခဏ ပြောခဲ့တာကို ရှင်တို့ ကြားပြီးသားပဲ။ ဝန်ကြီးက သာမန် ပုဂ္ဂိုလ်ရေး ဘဝမျိုးဆီ ပြန်သွားပြီး အနားယူချင်စိတ် ရှိနေပါတယ်။ ဒါတွေကို သူအလေးအနက် စဉ်းစားထားတာ မဟုတ်လား"ဟု သတင်းထောက်များအား ပြောကြားသွားသည်။ အသက်(၆၅)နှစ်ရှိ ဟီလာရီသည် သူမအနေဖြင့် (၂၀၁၃)ခုနှစ်၊ ဇန်နဝါရီလတွင် (၄)နှစ် ရာထူးသက်တမ်း ပြည့်မြောက်ချိန်၌ လက်ရှိ ရာထူးကို စွန့်လွှတ်ရန် စဉ်းစားထားကြောင်း မကြာခဏ ပြောဆိုခဲ့ဖူးသည်။


 Myanmar Express 

1 comments:

No one is perfect.Every cloud has a silver lining.Every person may have some unsolved problems.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်