From :သမ္မတရုံး
Myanmar Express
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီတွင်
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ National
Convention Centre,Champa Grand Hall၌ ကျင်းပသည့် (၉) ကြိမ်မြောက်
အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့
တက်ရောက်သည်။
အစည်းအဝေးပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများ၊
အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့
အကြီးအကဲများ၊ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊
အာဆီယံအတွင်းရေးမှူးချုပ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့်
အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာလာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်မစ္စတာ သွန်ဆင်းသမာဗောင်က မိန့်ခွန်း ပြောကြားသည်။
ထို့နောက်၂ဝ၁၄ခုနှစ် (၁ဝ) ကြိမ်မြောက်
အာရှ-ဥရောပထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်
ဥရောပကောင်စီဥက္ကဋ္ဌ H.E. Mr. Herman Van Rompuyက နိဂုံးချုပ်
အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
1 comments:
M.E ခင်ဗျ။အလျင်သင့်ရင် သြစတေးလျဝန်ကြီးချုပ် Ms Julia Gillard ရဲ့သမိုင်းတင်မည့် ရဲရဲတောက်မိန့်ခွန်းကို ဆီလျော်သလိုလေးပြန်တင်ပါခင်ဗျာ။M.Eရဲ့ပရိတ်သတ်အသစ်တွေ ဖတ်ရအောင်လို့ပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်