Subscribe to our RSS Feed

နာဂ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသတွင် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်

From : မြဝတီ



စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး ကော်မတီမှ တိုင်းဒေသကြီး အတွင်းရှိ ကျေးလက် ဒေသ များသို့ PCO တယ်လီ ဖုန်းများ တပ်ဆင် ရန်အတွက် တယ်လီ ဖုန်းနှင့် ဆက်စပ် ပစ္စည်းများ လွှဲပြောင်း ပေးအပ်ခြင်း နှင့် ကျေးရွာ စာကြည့် တိုက်များ ဆောက်လုပ် ရန်အတွက် မတည် ငွေ များ ပေးအပ်ခြင်း အခမ်း အနားကို နိုဝင်ဘာ ၂ ရက် ညနေ ပိုင်းက မုံရွာမြို့ မြို့တော် ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်း အနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ တို့သည် ကျေးလက် PCO တယ်လီ ဖုန်းများ တပ်ဆင်ရန် အတွက် တယ်လီဖုန်း အထိုင် စက်များနှင့်ဆက်စပ် ပစ္စည်းများကို လည်းကောင်း၊ ကျေးရွာ စာကြည့်တိုက် အဆောက် အအုံ များ ဆောက်လုပ်ရန် အတွက် မတည် ထောက်ပံ့ငွေ များကို လည်းကောင်း အသီး သီး ထောက် ပံ့ ပေးအပ်ရာ တိုင်း ဒေသကြီး အတွင်းရှိ ခရိုင် အုပ်ချုပ်ရေးမှူး ရှစ်ဦးနှင့် နာဂ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသမှ ကိုယ်စားလှယ် တစ်ဦးတို့က လက်ခံ ရယူ ခဲ့သည်။

အဆိုပါ အခမ်း အနားတွင် တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ကျေးရွာပေါင်း ၆ဝ အတွက် PCO ဖုန်း အထိုင် စက်၊ ငွေကျပ် နှစ်သိန်းတန် မိုဘိုင်းလ် တယ်လီ ဖုန်းကတ် ၊ ငွေကျပ် တစ်သောင်း တန် ငွေဖြည့်ကတ် အပါ အစုံ ၆ဝ၊ စာကြည့်တိုက် အဆောက်အအုံ တစ်လုံး ဆောက်လုပ်ရန် ငွေကျပ် ၁ဝ သိန်းနှုန်းဖြင့် စာကြည့်တိုက် အလုံး ၅ဝ အတွက် တန်ဖိုး ငွေကျပ် သန်း ၅ဝ  စုစုပေါင်း တန်ဖိုးငွေ ကျပ် ၆၈ သန်းကျော် တို့ကို ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်