Subscribe to our RSS Feed

မြန်မာ့ကျွန်းသစ် ပြည်ပတင်ပို့မှု ၂၀၁၄ ခုနှစ်တွင် လုံးဝပိတ်ပင်မည်

From : News Watch


 တိုင်းပြည်၏ သစ်တောများနှင့် တောရိုင်းတိရစ္ဆာန်များ ပျက်စီးမှုကို ရပ်တန့်ရန် ကြိုးပမ်းမှုအဖြစ် ၂၀၁၄ ခုနှစ်တွင် ပြည်ပသို့ ကျွန်းသစ်တင်ပို့မှု လုံးဝပိတ်ပင်ရန် မြန်မာအစိုးရ၏ အစီအစဉ်ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများက ကြိုဆိုသည်။ သို့သော် တရုတ်ပရိဘောဂ စက်ရုံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် တရားမဝင် သစ်ခုတ်လှဲမှုနှင့် တိုင်းရင်းဆေး ဈေးကွက်များအတွက် တောတိရစ္ဆာန်များအား ဥပဒေမဲ့ သတ်ဖြတ်နေမှုတို့ကို ရပ်တန့်ဖို့ ခက်ခဲမည်ဟု ပတ်ဝန်းကျင်ထိန်းသိန်းရေး ဝါဒီများက ပြောကြားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျွန်းသစ်အများဆုံး တင်ပို့သည့် နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်သည်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ကျွန်းသစ် မက်ထရစ်တန် ၈၆၄,၀၀၀ ပြည်ပသို့ တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရရှိသည်။ သို့သော် အလွန်အကျွံ သစ်ထုတ်လုပ်မှု၊ တရားမဝင် သစ်ခုတ်လှဲမှု၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုများကြောင့် မြန်မာ့သစ်တောသည် လျင်မြန်စွာ ပြုန်းတီး ဆုတ်ယုတ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းသည့် ဧရိယာသည် ၂၀၀၅ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း ရှိခဲ့သည်။ သို့သော် ယခုနှစ် သြဂုတ်လတွင် မြန်မာ့ပါလီမန်၏ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးသိန်းလွင်က မြန်မာ့သစ်တော ဖုံးလွှမ်းမှုသည် ၂၄ ရာခိုင်နှုန်းမျှသာ ရှိတော့ကြောင်း ပြောကြားခဲ့သည်။ မြန်မာ့ကျေးလက် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ဖြစ်သော လူဦးရေ သန်း ၃၀ ခန့်သည် ၎င်းတို့၏ အခြေခံလိုအပ်ချက်များအတွက် သစ်တောများအပေါ် အကြီးအကျယ် မှီခိုအားထားနေရကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၉ ခုနှစ် အစီရင်ခံစာအရ သိရှိရသည်။ 

Myanmar Express 

2 comments:

sout yuu
no more forfst in 2013 you tell 2014 every is you don't send other conntry you are lookedliked bonbay burma coloney that's your right if you have some bone can i get some

It should have been done for some years ago.We need to preserve our precious forests before it is too late.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်