From : 7day
မြေငလျင်ဒဏ်ခံခဲ့ရသော ဒေသများသို့ နိုင်ငံတော် ဒုသမ္မတ ဦးဥာဏ်ထွန်း သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ရွှေဘိုမြို့အနီးယနေ့နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘို၊ ကျောက်မြောင်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်၊ အမရပူရ၊ စဥ့်ကူး၊ သပိတ်ကျင်း စသောမြို့များ ငလျင်ဒဏ်ခံခဲ့ရသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် နာရီပိုင်းအတွင်း အစိုးရအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးယခုကဲ့သို့ သွားရောက်မှုမှာ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဧရာဝတီ မြစ်ကူးတံတားရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လာရောက်ဖွယ်ရှိကြောင်း ယင်းတံတား စီမံကိန်း ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
Myanmar Express

.jpg)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်