Subscribe to our RSS Feed

နောက်ဆုံးရ ငလျင်သတင်း နှင့် ဓာတ်ပုံများ (၂)

From : The Voice

ရွှေဘိုမြို့တွင် ငလျင်ထပ်လှုပ်
.....................................................................................
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရွှေဘိုမြို့၌ ယနေ့ ၅နာရီ ၂၅ မိနစ်တွင် ၈စက္ကန့်ခန့် ငလျင် ထပ်မံလှုပ် သွားကြောင်း ယင်းမြို့သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

စစ်ကိုင်းမြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “ငလျင်ထပ်လှုပ်လို့
ခြေထောက်တောင် တုန်နေတယ်” ဟု The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

  

From : Hot News
 


အမရပူရမြို့မှ ပုထိုးတော်ကြီး စိန်ဖူးမြေခဲ့ကြောင်းထပ်မံသိရှိရသည်။”၆.၆ ဆိုတာမြေပြင်ရွေ့ပြတ်မှု(surface rupture )ဖြစ်နိုင်သည့်ပမာဏဖြစ်သည်၊နောက်ဆုံးဖြစ်ခဲ့ သော၁၉၅၆ စစ်ကိုင်း ငလျင်နှင့် ၁၉၉၁ တကောင်းငလျင်တို့နှင့်နှိုင်းယှဉ်လျှင် နှစ် ၆၀ အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သဖြင့် Main Shock လည်းဖြစ်နိုင်သလို  စစ်ကိုင်း fault က 7-7.5ဖြစ်နိုင်တာမို့သတိထားနေတာအကောင်းဆုံးဖြစ်မည်။၁၉၂၉-၁၉၃၁ အတွင်း Sagaing fault segment ၅ ခုလောက် (ပဲခူး၊တကောင်း၊ဖြူး၊ဆွာ၊တောင်ငူ)တို့မှာတစ်လှည့်စီ လှုပ်ခတ်ခဲ့ခြင်းများဖြစ်ပေါ်ခဲ့ဘူးတာမို့ ဒီမျည်းကြောင်းပေါ်ကတစ်ခြားနေရာတွေမှာလည်း နှစ်ပိုင်းအတွင်း သတိရှိထားသင့်ကြောင်း ဦးသူရထွန်း (မြန်မာနိုင်ငံ မြေငလျင် အသင်း)အတွင်းရေးမှုးမှပြောကြားခဲ့သည်။ယခုလှုပ်ခတ်ခဲ့သောမြေငလျှင်ကြောင့် အမရပူရ မြို့နယ်ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်နဲ့သွားသည်.။.စဉ့်ကူမြို့နယ် ကန်တော်ကျေးရွာအနီး ရွှေတွင်းတွင် ရွှေလုပ်သား ၁၁ ဦးပိတ်မိနေပြီး ယင်းနေရာတစ်ဝိုက်တွင် ငလျင်အသေးစားများဆက်လက်လှုပ်ခတ်နေကြောင်းသိရသည်။





















  Myanmar Express

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်