Subscribe to our RSS Feed

လက်ဖက်ရည်ကြမ်းက ဆေးလိပ်သောက်၍ ဖြစ်သည့် အဆုတ်ကင်ဆာ အပေါ် ကောင်းနိုင်ဟုဆို

From : Aye Chan Mon


တိုင်ဝမ် ကျွန်းဆေးရုံ တစ်ရုံကအမေရိကန်ပြည်ထောင်စု၊ ကင်ဆာသုတေသန အသင်းရဲ့ ယခုနှစ်စာတမ်းဖတ်ပွဲမှာ တင်ပြ ထားပါတယ်။ တိုင်ဝမ်းဆေးတက္က သိုလ်က ဒေါက်တာလင်က “ အဆုတ်ကင်ဆာဆိုတာ တရုတ်okw(တိုင်ပေ) မှာ သေနှုန်းများတဲ့ ရောဂါဖြစ်ပါတယ်၊ လက်ဖက်ရည်ကြမ်းက စိတ်ဝင်စားဖို့ ကောင်းတယ်၊သူမှာပေါ် လီဖီနာလို့ခေါ် တဲ့ အင်တီအောက်စီဒင့်ပါတယ်၊ သူက အလုံး၊ အကြိတ်ဖြစ်တာကိုတားတယ် ”လို့ ဆိုပါတယ်။ ဒေါက်တာလင်နဲ့ သူ့အဖော်တစ်စုက အဆုတ်ကင်ဆာဖြစ်ပြီး လူနာ ၁၇၀ နဲ့ ပကတိ ကျန်းမာသူ ၃၄၀ ကို မေးခွန်းတွေမေးပြီး သုတေသနပြုပါတယ်။ သူတို့ရဲ့နေထိုင်ရာဒေသ၊ စီးကရက်သောက်သုံးမှု၊ လက်ဖက်ရည်ကြမ်းသောက်သုံးမှု၊နေ့စဉ်စားသုံးမှု (အသီးအ နှံ၊ ဟင်းသီးဟင်းရွက်)၊ ချက်ပြုတ်ပုံ၊ မိသားစုမှာကင်ဆာမျိုးရိုး ရှိမရှိ တို့နဲ့ဆက်စပ်ပြီး စူးစမ်းပါတယ်။ 
သုတေသနပြုခံရသူ အုပ်စုထဲပါ၊ ဆေးလိပ်သောက်သူရော၊ မသောက်သူရော တစ်နေ့ လက်ဖက် ရည်ကြမ်းတစ်ခွက်ကလေးတောင် မသောက်ဘူးဆိုရင် ကင်ဆာဖြစ်ဖို့ (ရဖို့) ၅.၁၆ဆဖြစ်နိုင်ခြေရှိကြောင်း။ ဆေးလိပ်လည်းသောက်မယ်၊ ပုံမှန်လည်း လက်ဖက်ရည်ကြမ်းသောက်လေ့ မရှိဘူးဆိုရင်တော့ ၁၂.၇၁ ဆ တောင်ဖြစ်နိုင်ခြေရှိကြောင်း တွေ့ထားပါတယ်။ ကင်ဆာအားပေးဗီဇ (ဂျင်း) လဲမပါ၊လက်ဖက်ရည်ကြမ်းလဲ ပုံမှန်သောက်မယ် ဆိုရင် ကင်ဆာကင်းဝေးဖို့ ၆၆ရာခိုင်နှုန်းတောင်ရှိတယ်၊ဒါပေမဲ့ ဆေး လိပ်သောက်ပြီး ကင်ဆာ အားပေးဗီဇ(ဂျင်း) လဲပါမယ်ဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေက အလွန့်အလွန်များတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ ပြောနိုင်တာက ဆေးလိပ်သောက်လို့ရတဲ့ အဆုတ်ကင်ဆာ ကို လက်ဖက်ရည်ကြမ်းက တစ်မျိုး တစ်ဖုံပြောင်းနိုင် ( လျော့နိုင်) တယ်၊ အဆုတ်ကင်ဆာက ဗီဇပေါ်မှာပဲမူတည်တယ် ” လို့ဒေါက်တာ လင်က ဆိုပါတယ်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်