From : AFP
Microsoft မှ Skype ကို အမေရိကန်ဒေါ်လာ ၈သန်းခွဲဖြင့် လွန်ခဲ့သည့်နှစ်က ၀ယ်ယူခဲ့ပြီးနောက် အင်တာနက်တွင် နေရာယူလွှမ်းမိုးထားသည့် Google နှင့် Facebook တို့နည်းတူ လူကြိုက်များလာစေရန် အဆင့်မြှင့်တင် လျက်ရှိသည်။ ယခုအခါ skype အနေဖြင့် သူ၏အွန်လိုင်းစကားပြောဝန်ဆောင်မှုအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း “skype နှင့် Messenger သည် အတူတကွလာမည်” ဟု မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ skype ကို အဆင့်မြှင့်လိုက်ခြင်းအားဖြင့် Messenger အသုံးပြုသူများသည်လည်း သတင်းမှာကြားချက်များ အပြင် ရုပ်သံကိုပါ မြင်ရခံစားနိုင်တော့မည်ဖြစ်သည်။ skype မှ အသုံးပြုသူတိုင်းကို လွယ်ကူရိုးရှင်းပြီး ပို၍ အဆင့်မြင့်သည့် နည်းပညာများကို စဉ်ဆက်မပြတ် တိုးမြှင့်သွားမည်ဟုလည်း ဖော်ပြထားသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်