Subscribe to our RSS Feed

စစ်သား စစ်တိုက်ဖို့သာ လုပ်ရမည် ဆိုသော်လည်း နမ့်ဆန်မြို့ မီးလောင်မှု စစ်သားများ ဦးဆောင်ငြှိမ်းသတ်

From :မြဝတီ


နိုဝင်ဘာ ၂ရက် နံနက် ၁၀နာရီခန့်အချိန်တွင် နမ့်ဆန်မြို့၊ မြို့လယ် ရပ်ကွက်၊ အိမ်အမှတ်၊ (ခ/၁၂၅) နေ ဦးချန်ဒရာ ဟိန္ဒူ/ ဗုဒ္ဓ ဘာသာ၏ အောင်ချမ်းသာ အမည်ရှိ ကုန်မာ ဆိုင်မှ ၀ါယာ ရှော့ခ် ဖြစ်ရာမှ မီးစတင် လောင်ကျွမ်း ခဲ့ပါသည်။ မီးလောင်ရာသို့ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင် များ၊ မြို့မိမြို့ဖများ၊ တပ်မတော် သားများ စုပေါင်းပြီး ၀ိုင်းဝန်း ငြိမ်းသတ် ခဲ့ပါသည်။ မီးငြိမ်း သတ်ရာသို့ သီပေါမြို့မှ မီးသတ်ကား ၂စီး၊ ကျောက်မဲ မြို့နယ်မှ မီးသတ်ကား ၂စီး၊ နမ္မတူ မြို့နယ်မှ မီးသတ်ကား (၂)စီး တို့ဖြင့် ၀ိုင်းဝန်း ငြိမ်းသတ် ခဲ့ပါသည်။

နေ့လယ် (၂)နာရီတွင် မြို့နယ် အတွင်းမှ ပြည်သူ လူထုများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ အဖွဲ့ အစည်းများ၊ မီး သတ် တပ်ဖွဲ့များ၊ တပ်မတော် သားတို့၏ ပူးပေါင်း ငြိမ်းသတ်မှု တို့ ကြောင့် မီးငြိမ်းသွား ခဲ့ပါသည်။

မီးလောင် မှုကြောင့် မြို့လယ် ရပ်ကွက်မှ အိမ်ခြေ (၈)လုံး၊ နမ္မဝေါ ရပ်ကွက်မှ အိမ်ခြေ (၃၉) လုံး၊ စုစုပေါင်း အိမ်ခြေ (၄၇)လုံး မီးလောင် ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၅၅)စု အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရပါသည်။ မီးဘေး ဒုက္ခသည် များကို နမ့်ဆန် မြို့ရှိ ဇယန်းကြီး ဘုန်းတော်ကြီး ကျောင်းတွင် မီးဘေး ကယ်ဆယ်ရေး စခန်းတွင် နေရာချထား ခဲ့ကြောင်းနှင့် မြို့မိ၊ မြို့ဖ ကုန်သည်များ၊ ပြည်သူ လူထုများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီး တို့မှ အလှူငွေများ လှူဒါန်းခဲ့ကြ ကြောင်း သတင်း ရရှိ ပါသည်။
  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်