From : 7 Days News
ဆူဇူကီးခြေစစ်ပွဲရလဒ်ကောင်းကြောင့် မြန်မာဘောလုံးအသင်းသည် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ် ချက်တွင် ယခင်လထက် အဆင့် ၂၈ နေရာ ကျော် တက်ကာ ကမ္ဘာ့အဆင့် ၁၅၆ သို့ ရောက်ရှိလာခဲ့သည်။ နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ အသင်းသည် ရမှတ် ၁၄၉ မှတ်ဖြင့် ယခင်လ အဆင့်ရပ်တည်ချက် ၁၈၄ ထက် အဆင့်နှစ်ဆယ်ကျော် ခုန်တက်ကာ အဆင့် ၁၅၆ သို့ ရောက်ရှိ လာသည်။ အရှေ့တောင်အာရှတွင် အဆင့်လေးနေရာ၌ ရပ်တည်လာခဲ့ကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်သည်။ ဒေသတွင်းနိုင်ငံများ၌ ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် ၁၃၈၊ ဖိလစ်ပိုင် အသင်းက ၁၄၃၊ ထိုင်းအသင်းက ၁၄၆၊ မလေးရှားအသင်းက ၁၆၃၊ စင်ကာပူအသင်းက ၁၆၃၊ အင်ဒိုနီးရှားအသင်းက ၁၆၅၊ လာအိုအသင်းက ၁၇၉၊ ဘရူနိုင်းအသင်းက ၁၈၇၊ တီမောအသင်းက ၁၈၇၊ ကမ္ဘောဒီးယား အသင်းက အဆင့် ၁၉၁ တို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။ ဆူဇူကီးဖလားခြေစစ်ပွဲဝင် အသင်းများထဲမှ ကမ္ဘောဒီးယားအသင်းတစ်သင်း သာ ယခင်လထက် နှစ်ဆင့်လျော့ကျသွားပြီး အရှေ့တောင်အာရှနိုင်ငံ များတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။ လာအို၊ ဘရူနိုင်း၊ တီမောအသင်းများသည်လည်း ယခင်လထက် အဆင့်တစ်ဆယ်ကျော် မြင့်တက်လာခဲ့သည်။ ထို့ကြောင့် မြန်မာအသင်း၏ အဆင့်နှစ်ဆယ်ကျော် မြင့်တက်မှုမှာ ယခုလအတွင်း ဒေသတွင်းနိုင်ငံများထဲ၌ အများဆုံးဖြစ်သည်။ လာမည့် ဆူဇူကီးဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် မြန်မာအသင်း အနေဖြင့် ရလဒ်များကောင်းမွန်ပါက ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်။ ကမ္ဘာ့နိုင်ငံများတွင်မူ စပိန်အသင်းက ကမ္ဘာ့အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဂျာမနီ၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ အီတလီ၊ အင်္ဂလန်၊ နယ်သာလန်၊ ကိုလံဘီယာ၊ ရုရှား၊ ခရိုအေးရှားအသင်းများက အစဉ်လိုက် ရပ်တည်နေသည်။ နာမည်ကြီး ဘရာဇီးအသင်းမှာ ကမ္ဘာ့အဆင့် ၁၃ တွင် ရပ်တည်နေပြီး အာရှနိုင်ငံများတွင်မူ ဂျပန်အသင်းက ကမ္ဘာ့အဆင့် ၂၄ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ထားသည်။
Myanmar Express

3 comments:
မြန်မာမှာဖြစ်ပေါ်နေတဲ့ကောင်းသတင်းများ စိတ်ချမ်းသာစရာများ သစ်ထူးလွင်မရေးပါ သိက္ခာရှိသလိုလိုနေပြပြီး တကယ်တမ်းအောက်တန်းကျတဲ့ NLD ရဲ့ ဝါဒဖြန့်ချီရေးသမားတွေပါ တဖြည်းဖြည်းပေါ်လွင်လာပါပြီ
Good news for Myanmar Team but bad news for the team of Brazil. Although they won the FIFA World Cup five times, they stand out of the best tens.What a pity!
No 1 Comment ပြောတာမှန်တယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်