Subscribe to our RSS Feed

မိုဘိုင်း တယ်လီဖုန်း နံပါတ် အလှနှင့် အပူးနံပါတ်များ လေလံတင် ရောင်းချသွားမည်

From : MRTV4


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ GSM/WCDMA မိုဘိုင်း တယ်လီဖုန်းများ တိုးချဲ့ရာမှာ ဖုန်းနံပါတ် အပူးနဲ့ နံပါတ် အလှများ သုံးစွဲလိုသူတွေ အတွက်

ဖုန်းနံပါတ်တွေကို လေလံ စနစ်နဲ့ ရောင်းချ သွားဖို့ ရှိတယ်လို့ မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ချက်တွေ အရ သိရှိရပါတယ်။ အဲ့ဒီလို ရောင်းချရာမှာ GSM ဖုန်းနံပါတ်တွေ အနေနဲ့ ကတော့ GSM ကုဒ်ဖြစ်တဲ့ ၄၂၀နဲ့ စပြီး နောက်နံပါတ် တန်းစီ အပူးတွေနဲ့  WCDMA ဖုန်းများ အတွက်လည်း ရှေ့ကုဒ် နံပါတ်ရဲ့ နောက်မှာ တန်းစီ အပူးတွဲ နံပါတ်တွေ ပါဝင်တာ ဖြစ်ပါတယ်။

အခုလို ပါဝင်တဲ့ နံပါတ်တွေ အတွက် ပထမ အကြိမ် လေလံတင် ရောင်းချမှု ကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မန္တလေးမြို့ရှိ မြို့တော် ခန်းမ၌ ကျင်းပသွားမှာ ဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ မှာတော့ ရန်ကုန်မြို့ရှိ MICT မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ လေလံ စနစ်နဲ့ ၀ယ်ယူဖို့ အတွက် သတ်မှတ် စည်းကမ်းချက် များနဲ့ လေလံ ၀ယ်ယူခွင့် ပုံစံများ ကိုတော့ နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်းရှိ မြန်မာ့ ဆက်သွယ်ရေးရုံးနဲ့ မန္တလေး မြို့ရှိ မြန်မာ ဆက်သွယ်ရေး လုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာ ရုံးတို့မှာ ငွေကျပ် တစ်ထောင်နဲ့ ၀ယ်ယူ နိုင်တယ်လို့ သိရပါတယ်။

အဆိုပါ လေလံတင် ရောင်းချရာ မှာတော့ ရန်ကုန်မြို့မှာ GSM ဖုန်း အလုံး အရေအတွက် ၂၉ လုံးနဲ့ WCDMA ၃၆ လုံး၊ မန္တလေးမြို့မှာ GSM ဖုန်း အလုံး အရေအတွက် ၃၇ လုံးနဲ့ WCDMA ၂၃ လုံးခန့် တို့ကို ရောင်းချမှာ ဖြစ်ပြီး ရရှိငွေများ အားလုံး ကိုတော့ နိုင်ငံတော်သို့ ပေးသွင်းသွားမှာ ဖြစ်ပါတယ်။ 



 Myanmar Express 

2 comments:

လုပ် စား လို့ ကို မ ဝနိုင် ဘူး

မြန်မာပြည်က ငွေကိုအလကားရနေသူတွေအတွက်လုပ်ပေးနေတာ။ ငွေကိုခက်ခက်ခဲခဲရှာရတဲ့သူတွေက ဒီလိုအရူးမထဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်