Subscribe to our RSS Feed

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် တက္ကသိုလ်စတင်ဖွင့်လှစ်တော့မည်

From : The Hot News


နိုင်ငံတော်အစိုးရနှင့် မြို့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ ပူးပေါင်းကာ တောင်ကုတ်မြို့ တက္ကသိုလ်ကြီးကို ၁-၁၂-၂၀၁၂ ရက်မှ စတင်ကာ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျောက် တောင်ထံက သိရှိရသည်။ အဆိုပါ တက္ကသိုလ်ကြီး စတင်ဖွင့်လှစ်ပါက ပထမနှစ်နှင့် ဒုတိယနှစ် တက္ကသိုလ် ကျောင်း သား/သူများအား ဦးစားပေး သင်ကြားပို့ချသွားမည်ဖြစ်သည်။ ဆရာ/မဦးရေ (၈၀)ကျော်နှင့် ၀န်ထမ်းအင်အား (၄၀၀)ကျော် တို့ဖြင့် စတင်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ယခု တက္ကသိုလ်ကြီး ပေါ် ပေါက်လာခြင်းအတွက် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း(ငြိမ်း) နှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်တို့အား အထူးပင်ကျေးဇူးတင် ရှိပါကြောင်း၊ယခု တက္ကသိုလ်ကြီး ဖွင့်လှစ်ရန်အတွက် ဒုတိယဗိုလ် ချုပ်ကြီး ခင်မောင်သန်း(က-စ-ထ)မှူး လက်ထက်ကပင် ဤ တက္ကသိုလ်ကြီးဆောက်လုပ်ရန် တင်ပြခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်းက ငါနိုင်ငံတော် အကြီးအကဲတွေကို စိတ်လတ် ကြည်သာတဲ့အခါ တင်ပြပေး သွားမယ်ဟု ဆိုကာ စတင်စီစဉ် ပေးခဲ့ကြောင်း၊ ထို့နောက် ယခု ဒီမိုကရေစီအစိုးရ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်လက်ထက် တွင် ပြည်သူ့လွှတ်တော်သို့ တင် ပြဆွေးနွေးကာ နိုင်ငံတော်က သိန်းပေါင်း (၆၀၀၀)ကျော် အကုန်အကျခံ၍ တည်ဆောက် ပေးခဲ့ခြင်းဖြစ်ကြောင်း တောင် ကုတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်က ပြောကြားခဲ့သည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်