From :သမ္မတရုံး
Myanmar Express
နေပြည်တော်နိုဝင်ဘာ၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ၆ရက် နံနက်ပိုင်းနှင့်
မွန်းလွဲပိုင်းတို့တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ
ဗီယင်ကျန်းမြို့ရှိ National ConventionCentre, Champa Grand Hall ၌ ဆက်လက်
ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့
တက်ရောက်သည်။
ထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများ၊
အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့
အကြီးအကဲများ၊ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ အာဆီယံ
အတွင်းရေးမှူးချုပ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌနှင့် အဆင့်မြင့်အရာရှိကြီးများ
တက်ရောက်ကြသည်။
ရှေးဦးစွာလာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေး ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က စိုက်ပျိုးရေး ၊စားနပ်ရိက္ခာဖူလုံရေးတို့နှင့် စပ်လျဉ်း၍ဆွေးနွေး ပြောကြားသည်။
ယနေ့ အစည်းအဝေးတွင်အာဆီယံနိုင်ငံများ၊
အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များသည်
စားနပ်ရိက္ခာနှင့် လာင်စာလုံခြုံရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊
ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး၊ လူမှုရေးးနှင့်
ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ်ဦးတည်ချက် အပါအဝင်
အရေးကြီးသည့် ဒေသတွင်းနှင့်နိုင်ငံတကာ အကျိုးတူကိစ္စရပ်များကို
အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်