Subscribe to our RSS Feed

တိမ်းမှောက်ဆီရထားတွဲမှ ဆီများ ဒေသခံများ လုယက်ခပ်စဉ် မီးလောင်ရာ ၃၀ ကျော်သေဆုံး၊ ၈၀ ကျော် ဒဏ်ရာရ

From : 7day


မြစ်ကြီးနား-မန္တလေး ပြေးဆွဲသော ဆီသယ်ရထားသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချက်ကြီးကျေးရွာအနီးရှိ ချက်ကြီးဘူတာအဝင် ပွိုင့်ခွဲတွင် ယနေ့ နံနက် ၁၀ နာရီခွဲက ဆီတွဲတိမ်းမှောက်ခဲ့ရာ ချက်ကြီးရွာသူ၊ ရွာသားများ ဆီလုယက်ခပ်ယူကြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၃၀ ဦး သေဆ

ုံးခဲ့ကာ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိသွားပြီဖြစ်ကြောင်း ၎င်းတို့ကို ကယ်ဆယ်ရေးပြုလုပ်နေသော ကျွန်းလှမြို့ ဝေနေယျသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လူနာများကို ဆေးကုသရန် ကျွန်းလှဆေးရုံတွင် ခုတင်မလုံလောက်မှုကြောင့် ကန့်ဘလူမြို့နယ် ဆေးရုံသို့ ၄၄ ဦးကို ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။

ကျွန်းလှမြို့နယ်မီးသတ်တပ်ဖွဲ့ကို မေးရာတွင် ယခုညနေအထိ နောက်ဆုံးရစာရင်းများအရ သေဆုံးသူ ၂၇ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ ၆၇ ဦး ရှိသွားပြီဖြစ်ရာ ဒဏ်ရာရသူမှာ ကျား ၂၉ ဦးနှင့် မ ၃၈ ဦးဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူကပြောသည်။

အဆိုပါ ရထားဆီတွဲမှ တွဲနှစ်တွဲလဲကာ လယ်ကွင်းများထဲ ဆီများဖိတ်စဉ်ရာတွင် ဒေသခံရွာသားများက လုယက်ခပ်ယူရာမှ ကျန်ဆီတွဲတစ်တွဲပါ မီးကူးစက်လောင်သွားခဲ့ခြင်းဖြစ်ကြောင်း ယင်းကပြောသည်။ မီးလောင်ရခြင်း၏ အကြောင်းရင်းကိုမူ အတိအကျ မသိရသေးပေ။

ယင်းမီးလောင်မှုကို ကျွန်းလှမြို့ရှိ ဝေနေယျသုခ လူမှုကူညီရေးအသင်း၊ မြတ်သုခအသင်း၊ ကန့်ဘလူ ကရုဏာရှင်အသင်း၊ ထန်းကုန်းဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ ကောလင်းကရုဏာရှင်အသင်း၊ ကျွန်းလှမီးသတ်ဌာန၊ ကျွန်းလှမြို့ ဗုဒ္ဓရောင်ခြည်အသင်း၊ ထန်းကုန်းသုခကာရီအသင်း၊ ကန့်ဘလူမီးသတ်နှင့် ရဲဌာနများမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

မီးမှာ လေးနာရီကြာလောင်ပြီး မွန်းလွဲ ၂ နာရီ ၁၀ မိနစ်မှသာ ငြိမ်းသွားခြင်းဖြစ်ကာ ဒဏ်ရာရသူနှင့် သေဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ကျွန်းလှမီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျွန်းလှမီးသတ်ကို မေးရာတွင် ယခုညနေအထိ နောက်ဆုံးရစာရင်းများအရ သေဆုံးသူ ၂၇ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ ၆၇ ဦး ရှိသွားပြီဖြစ်ရာ ဒဏ်ရာရသူမှာ ကျား ၂၉ ဦးနှင့် မ ၃၈ ဦးဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူကပြောသည်။
Myanmar Express 

8 comments:

ပထမမှာ ခန္ဓာကိုယ်တွင်းက လောဘမီးတွေ တောက်တယ်။ နောက်တော့ ပြင်ပက ဓာတ်ဆီမီးတွေ တောက်တော့တာပါပဲဗျာ။

တော်တော်အသိဥာဏ်မဲ့ စောက်သုံးမကျတဲ့ဟာတွေ

တင်ပါ့ဘုရား တပည့်တော်တို့မှတ်သားထားပါ့မယ်

အချောင် လိုချင်ကြတာကိုးဗျ

အချောင် လိုချင်ကြတာကိုးဗျ

အချောင် လိုချင်ကြတာကိုးဗျ

In life, the most important thing for a person is to live in his own life as long as he can as a good one in his society.If we are greedy and in lack of care, we will really meet the danger in some days.

အလကားရရင်အကုန်လိုချင်နေကြတော့ဒုက္ခရောက်ကြတော့တာပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်