From :သမ္မတရုံး
Myanmar Express
နေပြည်တော် နိုဝင်ဘာ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင်
လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံဗီယင်ကျန်းမြို့ National Convention
Centre ဧည့်ခန်းမ၌ သြစတြီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးMr.
Andreas Schienderအား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ
ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့်
ဦးကျော်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်တို့ တက်ရောက်ကြပြီး
သြစတြီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်
သြစတြီးယားနိုင်ငံတို့ ဆက်ဆံရေးတိုးမြှင့်ရန်၊ သြစတြီးယား နိုင်ငံမှ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အားပေးရေး၊ ဆေးဘက်ဆိုင်ရာ အတတ်ပညာ
ကဏ္ဍနှင့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေး နည်းပညာရပ်များ
ပံ့ပိုးကူညီရေး၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ
ဖွံ့ဖြိုးတိုးတက်ရေး၊ ရေစနစ်တကျ အသုံးချနိုင်ရေး၊ ရေအားလျှပ်စစ်စွမ်းအား
ထုတ်လုပ်ရေး စွမ်းအင်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊
အီးယူကချမှတ်ထားသော ပိတ်ဆို့အရေးယူမှု အားလုံးကို အမြန်ဆုံး
ပယ်ဖျက်ပေးရန်နှင့် GSPအခွင့်အရေးကို ပြန်လည်ပေးအပ်ရေး ကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်