Subscribe to our RSS Feed

အများပြည်သူကို ဥပဒေ ပညာပေးမည်

From :  ခေတ်လူငယ်


နိုင်ငံတွင်းနေ ပြည်သူအများစုမှာ တရားဥပဒေနှင့် ဥပဒေပါ အခွင့်အရေးများကို မသိကြသောကြောင့် တရားတပေါင် ရင်ဆိုင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေရာ ဥပဒေပညာရပ်နှင့် ပတ်သက်သည့် ပညာပေး အစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။ “ပြည်သူ ၉၅ ရာခိုင်နှုန်းလောက်က ဥပဒေကို မသိကြဘူး။ ဥပဒေတစ်ခု ထုတ်ပြန်လိုက်ရင် သတင်းစာမှာ ပါတာတောင်မှ လူတိုင်းဖတ်ကြတာ မဟုတ်သလို ဥပဒေပါ အခွင့်အရေးနဲ့ လိုက်နာမှု အားနည်းကြတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်နဲ့ ဥပဒေပညာပေး အစီအစဉ်တွေ လုပ်သွားဖို့ရှိတယ်” ဟု ၎င်းကပြောသည်။ အဆိုပါ ပညာပေး အစီအစဉ်အတွက် ဥပဒေပညာရပ်ဆိုင်ရာ သင်တန်းများပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ရုပ်သံအစီအစဉ် တစ်ခုခုကိုလည်း တင်ဆက်နိုင်ရန် ကြိုးစားနေကြောင်း ဦးဝင်းမြင့်က ပြောသည်။ တရားဥပဒေ၏ အခွင့်အာဏာနှင့် အခွင့်အရေးများကို သိရှိမှု ဗဟုသုတ နည်းပါးခြင်းကြောင့် တရားတပေါင် ရင်ဆိုင်ရာတွင် မလိုလားအပ်သော အခက်အခဲများ၊ တရားစွဲဆိုမှုများ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ “ဥပဒေကို မသိလို့ ငြိကြတာတွေ၊ ဖြစ်ကြတာတွေ တွေ့နေရတယ်။ အခု လတ်တလောမှာဆို ဂျာနယ်တွေ တရားစွဲဆိုခံနေရတာတွေဟာ ဥပဒေကို မသိလို့ ဖြစ်ကြတာပေါ့။ ဒါကြောင့် ဥပဒေကို မီဒီယာသမားရော၊ နိုင်ငံသားအားလုံးရော သိသင့်တာ ထင်ရှားပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
 Myanmar Express 

1 comments:

No one is above the law.The more people know about the laws,the more they can reduce the crimes.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်