စပိန်နိုင်ငံအရှေ့မြောက်ပိုင်း ကာတာလိုနီးယားပြည်နယ်ရှိ ဘက်စကာနိုအမည်ရှိ ပြဇာတ်ရုံတစ်ရုံသည် မြင့်တက်လာသော ပုံနှိပ်အခွန်များကို ရှောင်ရှားနိုင်ရန်အတွက် ပြဇာတ်လာရောက် ကြည့်ရှုသူများအား ပုံနှိပ်ဝင်ခွင့်လက်မှတ်အစား မုန်လာဥနီများကို ပေးအပ်ခဲ့ကြောင်း စပိန်နိုင်ငံထုတ် Independent သတင်းစာက နိုဝင်ဘာလ ၁၃ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။ပြီးခဲ့သည့်စက်တင်ဘာလမှ စတင်၍ စပိန်အစိုးရသည် ပုံနှိပ်အခွန်များကို ၂၁ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့ရာ အခွန်၎ရာခိုင်နှုန်းသာ ပေးဆောင်ရမည့် မုန်လာဥနီများနှင့် ယင်းသို့အစားထိုးခဲ့ခြင်း ဖြစ်သည်။ အမှိုက်ပစ်ရန်နှင့် ရုံတွင်းထိုင်ခုံ သတ်မှတ်ချထားရန် အဆင်မပြေသေးသော်လည်း ကုန်ကျစရိတ်များ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဘက်စကာနိုပြဇာတ်ရုံ ဒါရိုက်တာကွမ်မာဆီက ပြောကြားသွားခဲ့သည်။ ၎င်း၏အခွန်ရှောင်ရန် ပန်ကြားချက်ကို ပရိသတ်များက လက်ခံခဲ့ကြပြီး ပြဇာတ်ရုံအတွင်း အပျင်းပြေမုန်လာဥနီ များကိုလည်း စားသောက်နိုင်ကြောင်း ပြဇာတ်ဝါသနာရှင်များက သတင်းထောက်များကို ပြောကြားသွားခဲ့သည်။
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်