Subscribe to our RSS Feed

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ

From :မြဝတီ

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့များသည် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိရာ ပေါက်တောမြို့ နယ် ဆင်အိုင်ကျေးရွာ၌ အခြေပြုလျက်ရှိသော တပ်မတော်နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့(၂)သည် ဒီဇင်ဘာ ၇ ရက်က ဆင်အိုင်ကျေးရွာနှင့်ပတ် ဝန်းကျင်ကျေးရွာများမှ ဆရာတော်၊ သံဃာတော်နှင့် ဒေသခံပြည်သူ ၁၆၅ ဦး တို့အားလည်းကောင်း၊ မင်းပြားမြို့နယ် စင်္ကြာကျေးရွာတွင် အခြေပြုလျက်ရှိသော တပ်မတော် နယ်လှည့်အထူးကု ဆေးကုသရေးအဖွဲ့(၃)သည် စင်္ကြာကျေးရွာရှိ ဒေသခံပြည်သူ ၉၆ ဦးတို့အား လည်းကောင်း၊ နေ့လယ်ပိုင်းတွင် နောနော်ကျေးရွာရှိ ဒေသခံပြည်သူ ၁ဝ၇ ဦး တို့အား လည်းကောင်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြပြီး ဆေးရုံ တက်ရောက်ကုသ ရန်လိုအပ်သော ဒေသခံပြည်သူ ကိုးဦးတို့အားလည်း စစ်တွေမြို့ တပ်မတော် ဆေးရုံသို့ ပို့ဆောင်ကုသ ပေးခဲ့ကြသည်။

အလားတူ ဒီဇင်ဘာ ၈ ရက်တွင် စစ်တွေမြို့ရှိ အခြေပြုတပ်မတော်နယ် လှည့်အထူးကု ဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ရှိ ဓညဝတီကယ်ဆယ်ရေး စခန်းသို့ သွားရောက်၍ ဒေသခံပြည်သူ ၃ဝ၅ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည့်အပြင် ကျန်းမာရေး ပညာပေး ဟောပြော ဆွေးနွေးခြင်းများ၊ ခြင်ခိုအောင်းနိုင်သော နေရာများကို ခြင်ဆေး ဖျန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်