Subscribe to our RSS Feed

မည်သည့်တိုင်းပြည်နှင့်ပေါင်းပေါင်း တိုင်းပြည်အကျိုးရှိရန် အဓိကဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

From : Messenger News Journal

အင်တာနက်အွန်လိုင်းစာမျက်နှာများတွင် တရုတ်နိုင်ငံနှင့်ပတ်သက်၍
ပြောကြားခဲ့မှုကြောင့် ဝေဖန်ခံခဲ့ရသည့် သမ္မတရုံးပြည်ထောင်စုဝန
်ကြီး ဦးအောင်မင်းက မည်သည့်တိုင်းပြည်နှင့်ပေါင်းပေါင်း မြန်မာနိုင်ငံ အကျိုးရှိရန်သာ အဓိကဖြစ်ကြောင်း ပြောသည်။

''ခုတလော ဦးအောင်မင်း ကံမကောင်းဘူး။ လုပ်ပေးနေတာပဲ။ အဲဒါကိုမှ သူတို့အဓိပ္ပာယ်ပေါက်တာ တော့ ကျွန်တော်လည်း စိတ်မကောင်း ဘူး။ လူဦးရေ သန်းခြောက်ဆယ်အ တွက် အလုပ်လုပ်တာ။ တရုတ်နဲ့ပဲ
ပေါင်းပေါင်း အမေရိကန်နဲ့ပဲ ပေါင်း ပေါင်း တည့်အောင်ပေါင်းဖို့အဓိကပဲ။
တိုင်းပြည်အကျိုးရှိဖို့ပဲ''ဟု ဒီဇင်ဘာ လ၈ရက်နေ့က ရန်ကုန်မြို့ ငြိမ်းချမ်း ရေးစင်တာ၌ပြုလုပ်ခဲ့သော ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင်
၎င်းကပြောသည်။

တရုတ်နိုင်ငံနှင့် ပတ်သက် သည့် ပြောစကားမှာ ၄င်းစိတ်ထဲရှိ သည့်အတိုင်း ပြောကြားခြင်းဖြစ်၍ နိုင်ငံတကာအမြင်ဖြစ်ကြောင်း၊
ပြောကြားမှုအပေါ် အစိုးရအဖွဲ့မှလည်းတစ်စုံတစ်ရာပြောဆိုခဲ့ခြင်း
မရှိကြောင်းပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့သည်။

တိုင်းရင်းသားများ ကောင်း စားရေးအတွက် မည်သည့်ငြိမ်းချမ်း ရေးမဆို
ဖော်ဆောင်နေခြင်းဖြစ်၍ အင်တာနက်တွင် တင်သည့်အတိုင်း ဒေါ်လာ ၆ သန်း ရရှိသည်ဆိုသည် မှာလည်း ဟုတ်မှန်ခြင်းမရှိကြောင်း၊ တစ်ပြားမှမရသလို ယူလည်းမယူ ကြောင်း ၄င်းက ဆိုသည်။

''ဦးအောင်မင်းမကောင်းကြောင်း ဂျာနယ်ထဲတစ်စောင်မှမပါဘူး။ စာနယ်ဇင်းစည်းကမ်းကို သိတဲ့လူတွေ ပိုများလာရင် ကောင်းမှာပေါ့။
အခုက အွန်လိုင်းမှာကို ဖြစ်နေတာ'' ဟု ၄င်းက ထပ်မံပြောသည်။
သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ယခင်မီးရထား ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးတစ် ဦးဖြစ်ခဲ့ပြီး သမ္မတရုံးဝန်ကြီးတာဝန် အပါအဝင် ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး ကော်မတီတွင် လည်း ပါဝင်ခဲ့သည်။


  www.MyanmarExpress.net
 

7 comments:

Dear Sir, not worry. All rubbish people ,will jsut say.They do nothing.

His talking are right. I support him 100 %.

အင်တာနက်ကြောင့်တိုင်းပြည်ဒုက္ခဖြစ်မှာစိုးတယ် အကျိုးရှိအောင်မသုံးကြဘူးနိုင်ငံတော်အကြီးကဲများကမိမိ တို့ပြည်သူပြည်သားတွေနိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင် အောင်စေတနာဖြူစင်စွာနဲ့ဖွင့်ပေးထားတာကိုအလွဲသုံးနေ ကြတာကြောင့်ခက်တယ်ဗျာ နိုင်ငံတော်တိုးတက်ရေးအ တွက်အသုံးပြုစေချင်ပါတယ်ပြည်သူများအတွက်နေ့မအားညမနားအလုပ်လုပ်ဆောင်နေသောနိုင်ငံတော်အကြီးအကဲများကျန်းမာကြပါစေ,...MMS

လက်ရှိအစိုးရကလူတွေနဲ့ လက်ရှိပြည်သူတွေ ဘယ်လိုမှလက်တွဲမညီနိုင်ပါ ကောင်းအောင်လုပ်လည်း အကောင်းမြင်ကြတော့မှာ မဟုတ်ပါ ဘာမှမလုပ်ရသေးပေမယ့် အကောင်းမြင်ခံနေကြရတဲ့ လူတွေ ကို အစိုးရတာဝန်တွေ လွှဲပေးလိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ် အဲဒါမှ ဇာတ်လမ်းက ကြည့်ကောင်းသွားမှာ

ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ

လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ

နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်

ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ

တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ

ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ

တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်

ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်

ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး

၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်

လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။

ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ

၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ

နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ

အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............

.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်