Subscribe to our RSS Feed

ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ မိုးကြိုးထိမှန်

From : planet

စတီးတန်ချိန်ပေါင်း ၄၀၀၀ ဖြင့်တည်ဆောက်ထားသော ယင်းအဆောက်အဦး၏ ခေါင်မိုးချွန်းကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး အဓိက အဆောက်အဦးပိုင်းအား ထိမှန်ခဲ့ခြင်းမရှိဟု သိရသည်။
ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ မိုးကြိုးထိမှန်
တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၉ ရက်) က ဒူဘိုင်းနိုင်ငံရှိ ၈၂၈ မီတာမြင့်သော အမ်းမရိတ်ကုမ္ပဏီပိုင် ဘာ့ဂ်ျ ခါလီဖာ အဆောက်အအုံအား မိုးကြိုးထိမှန်ခဲ့သည်။ စတီးတန်ချိန်ပေါင်း ၄၀၀၀ ဖြင့်တည်ဆောက်ထားသော ယင်းအဆောက်အဦး၏ ခေါင်မိုးချွန်းကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး အဓိက အဆောက်အဦးပိုင်းအား ထိမှန်ခဲ့ခြင်းမရှိဟု သိရသည်။



ထိုကဲ့သို့ မိုးကြိုးပစ်ပြီးနောက်တွင် သက်တန့်ကြီးတစ်ခုက အဆောက်အဦး၏ အထက်ကောင်းကင်၌ ထွက်ပေါ်လာရာ အလွန်ခံ့ညားလှပသော မြင်ကွင်းတစ်ခုအဖြစ် ပုံတွင်တွေ့မြင်ရသည်။ ဘာ့ဂ်ျ ခါလီဖာ အဆောက်အအုံကို ၂၀၀၄ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။



အဆိုပါ အဆောက်အအုံတွင် ဟိုတယ်တစ်ခု နှင့် လူနေတိုက်ခန်းများ ရုံးခန်းများလည်း ပါရှိပြီး ဂျပန်နိုင်ငံရှိ ၆၃၄ မီတာမြင့်သော Tokyo Sky Tree ၏ ပုံစံမူကြမ်းအတိုင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
 www.MyanmarExpress.net
 

1 comments:

မင်းစောက်ရှက်မရှိဘူး ကုလားနိုင်ငံကဟာတွေ ဒီစောက်ဆင့်မရှိတဲ့နိုင်ငံလာတင်နေတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်