ထို့ကြောင့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် (၇) ကြိမ်မြောက် ပြိုင်ပွဲကို တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ ယင်းနောက်ဆုံးအဆင့် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် လက်ရှိချန်ပီယံ ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျအသင်းတို့နှင့် အုပ်စုပတ်လည်ပုံစံ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲ၌ အုပ်စု (ခ) တွင် ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ အိန္ဒိယအသင်းတို့နှင့် အတူကျရောက်ခဲ့ပြီး ဗီယက်နမ်နှင့် အိန္ဒိယကို အနိုင်ရရှိခဲ့ကာ တရုတ် (တိုင်ပေ) နှင့်သရေကျပြီး အုပ်စုပထမနေရာ ရရှိခဲ့သည်။ ထို့ကြောင့် တစ်ဖက်အုပ်စုဗိုလ်ဖြစ်သော ထိုင်းအသင်းနှင့် ခြေစစ်ပွဲနောက်ဆုံးအဆင့်အဖြစ် ရှုံးထွက်ကစားခဲ့ရခြင်း ဖြစ်သည်။ ယင်းခြေစစ်ပွဲ နောက်ဆုံးအဆင့်ရှုံးထွက်ပွဲကို ဒီဇင်ဘာလ ၉ ရက်က ဟိုချီမင်းမြို့ရှိ Thonh Nhat ကွင်းတွင် ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးကို နောက်တန်းလူ လင်းဥမ္မာထွန်းက ၆၇ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
အုပ်စု(ခ) | ပွဲ | နိုင် | သရေ | ရှုံး | ရဂိုး | ပေးဂိုး | ရမှတ် |
မြန်မာ | ၃ | ၂ | ၁ | ၀ | ၁၁ | ၂ | ၇ |
ဗီယက်နမ် | ၃ | ၂ | ၀ | ၁ | ၁၄ | ၃ | ၆ |
တိုင်ပေ | ၃ | ၁ | ၁ | ၁ | ၉ | ၄ | ၄ |
အိန္ဒိယ | ၃ | ၀ | ၀ | ၃ | ၀ | ၂၅ | ၀ |
မြန်မာ ၁-၀ ထိုင်း
www.MyanmarExpress.net
7 comments:
အမိုးသားအသင်းသည် အမျိုးသမီးအသင်းထံတွင် တပည့်ခံသင့်ကြောင်း
bravo ညီမလေးတို့
အမိုးသားအသင်းသည် အမျိုးသမီးအသင်းထံတွင် တပည့်ခံသင့်ကြောင်း
bravo ညီမလေးတို့
အမိုးသားအသင်းသည် အမျိုးသမီးအသင်းထံတွင် တပည့်ခံသင့်ကြောင်း
bravo ညီမလေးတို့
တို့မြန်မာမိန်းခလေးတွေအောင်မြင်မှုရတာဂုဏ်ယူပါတယ်
ဆက်လက်ပြီးတော့အောင်မြင်မှုတွေဆွတ်ခူးနိုင်ပါစေ
ဒါစည်းလုံးခြင်းရဲ့အောင်မြင်မှုပါဘဲ
တပည့်ခံနေလဲ နိုင်ငံတော်ဘဏ္ဍာပဲ ထပ်ကုန်တာပဲ အဖတ်တင်မယ်... မြန်မာအမျိုးသားဘောလုံးအသင်း SEA GAME တောင်နိုင်အောင်ကန်နိုင်မှာကို မဟုတ်ဘူး....ဒီတော့ ဒီခွေးမသား လေးတွေကို ဘောလုံးကန်ခိုင်းမဲ့အစား ပြည်သူ့အကျွေးကို ပြန်ဆပ်ခိုင်းရမယ်..ဒါကြောင့် တပ်ထဲသာ စစ်မှုထမ်းခိုင်းလိုက်ပါ သမ္မတကြီး နဲ့ ကာကွယ်ရေးဦးစီးချုပ် ခင်ဗျားး
မြန် မာ အ မျိုး များ အ တွက် ဂုဏ် ယူ မိ ပါ တယ် ထိုင်း နဲ့ တင် နေ တဲ့ ဘော လုံး ကြွေး ကို ဆပ် ပေး တဲ့ အ တွက် ပါ
မြန် မာ အ မျိုး များ အ တွက် ဂုဏ် ယူ မိ ပါ တယ် ထိုင်း နဲ့ တင် နေ တဲ့ ဘော လုံး ကြွေး ကို ဆပ် ပေး တဲ့ အ တွက် ပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်