From :messenger
မုံရွာ၊ လက်ပံတောင်းတောင်ကြေးနီသပိတ်စခန်းဖြိုခွဲမှုတွင်သက်သေခိုင်ခိုင် မာမာမရှိမချင်း မည်သူ့တွင်မျှ အပြစ်မရှိဟုလက်ပံတောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးေ ရးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောသည် ။ ''စုံစမ်းစစ်ဆေးရေးမှာ
တရားဥပဒေစိုးမိုးရေးမူအရ သွားပါမယ်။ တရားဥပဒေစိုးမိုးရေးမူရဲ့ အခြေခံက
ဘာလဲဆိုသက်ရှိထင်ရှားတယ်ဆိုတဲ့ သက်သေခိုင်ခိုင်မာမာလုံလုံလောက် လောက်မရှိသရွေ့ အပြစ်မဲ့လို့သတ် မှတ်ပါမယ်။ ခိုင်ခိုင်မာမာလုံလုံလောက်လောက် သက်သေ
ရှိတဲ့အခါမှဘယ်သူဘယ်သူက အပြစ်ရှိ တယ်၊ ဘယ်လိုအပြစ်ရှိတယ်ဆိုတာ
ဆုံးဖြတ်မှာပါ။ လူတိုင်းဟာ ကံ တရားရဲ့အကျိုးကို ခံစားပိုင်ခွင့် ရှိရမယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ခု ထိတော့ ဘယ်သူ့ကိုမှအပြစ်ရှိတယ် လို့
မသတ်မှတ်သေးပါဘူး'' ဟု¤င်းက ပြောသည်။ လက်ရှိ အခြေအနေတွင်အဆိုပါကော်မရှင်
အဖွဲ့ဝင်များသည်မုံရွာရှိ ကြေးနီစီမံကိန်းသို့ သွား ရောက်ကာ
ရွာသူ၊ရွာသားများနှင့် တွေ့ဆုံလျှက် အခြေအနေများကို
စုံစမ်းနေကြောင်းသိရသည်။ ယင်းစီမံကိန်းအားလေ့လာရာတွင် စီမံကိန်းကြောင့်
ဒေသခံရွာသူ၊ ရွာသားများ၏လူမှုဘဝ၊ ပတ်ဝန်းကျင်အပေါ်
သက်ရောက်မှု၊နိုင်ငံတော်နှင် နိုင်ငံသားများအတွက်တကယ် အကျိုးရှိမရှိကို
ရေရှည်အမြင်ဖြင့်စုံစမ်းသွားမည် ဖြစ်ကြောင်း
¤င်းက ဆက်လက်ပြောသည်။ ''ကြေးနီစီမံကိန်းအလုပ်တွေကို ဘယ်လိုပုံစံနဲ့
လုပ်နေလဲ၊ သုံးတဲ့နည်းပညာတွေက အကောင်းဆုံး ပုံစံလုပ်နေရဲ့လား၊ပတ်ဝန်းကျင်ထိန်း သိမ်းရေးအမြင်နဲ့ကိုက်ညီရဲ့လား။
အဲဒါတွေကို လေ့လာပါမယ်။ ကော်မရှင်ကအသိပညာရှင်၊ အတတ်ပညာရှင်တွေ
ဖိတ်ခေါ်ပြီးအကြံ Óဏ်တောင်းဖို့၊ လေ့လာတဲ့နေရာမှာ ဖိတ်ခေါ်ဖို့လည်းစီစဉ်ထားပါ
တယ်''ဟု ¤င်းက ဆိုသည်။ သို့ရာတွင်စုံစမ်းနေချိန်အတွင်း စုံစမ်းမှုများမလွဲချော်စေရန် စုံစမ်းရေးကော်မတီဝင်များအနေဖြင့် တွေ့ ရှိချက်များကိုထုတ်ဖော်ပြောကြား မည်မဟုတ်ကြောင်း၊လိုအပ်ပါက ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ သတင်းထုတ်ပြန်ချက်များဖြင့်ပြည် သူများကိုအသ
ိပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ''နိုင်ငံတော်ဟာ ပြည်သူအ ပေါ်
တာဝန်ရှိတယ်ဆိုတဲ့အမြင်နဲ့ စုံ စမ်းပါတယ်။ အားလုံးကို
တရားဥပဒေစိုးမိုးရေးအမြင်နဲ့ စုံစမ်းပါ တယ်။ ပြည်သူလူထုရဲ့
ပါဝင်ပတ်သက်မှုနဲ့မှ အောင်မြင်နိုင်မယ်ဆိုတာ လက်ခံပါတယ်။ တတ်နိုင်သမျှပြည်
သူနဲ့ ပူးပေါင်းပြီးစုံစမ်းမှုတွေ လုပ် သွားမှာဖြစ်ပါတယ်'' ဟု¤င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော လက်ပံတောင်းတောင်ပဋိပက္ခ
စုံစမ်းရေးကော်မရှင်ကို နိုင်ငံရေးပါတီများနှင့်
လူမှုရေးနယ်ပယ်အသီးသီးမှလူပုဂ္ဂို လ် ၂၉ဦးဖြင့် ဒီဇင်ဘာလ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးဒီဇင်ဘာလ ၃ရက်နေ့ တွင် လူပုဂ္ဂိုလ်၁၇ဦးဖြင့်ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
www.MyanmarExpress.net
မုံရွာ၊ လက်ပံတောင်းတောင်ကြေးနီသပိတ်စခန
www.MyanmarExpress.net
4 comments:
လုပ်စမ်းပါတိတိကျကျ မအေးနက် သွဲ့သွဲ့ဝင်း တို့က ILO သင်တန်းတက်ထားတာ သူတို့မျှောက်ပေးလို့ လူ့အခွင့်အရေး တွေဘာတွေနဲ့ မျှောက်စားထားတာ လက်ပတောင်းတောင် ပတ်ဝန်းကျင်နေပြီး အဲဒီကမြေ တွေခိုးသယ် ဒုတ္ထာ ချက်ကြ ကြေးနီထုတ် ရွှေဖြူထုတ် တစ်ခြား ရောင်းစားလို့ရမဲ့ ပစ္စည်းတွေထုတ် ရွာထဲသယ် ခိုးလုပ် ခိုးစားနေကြတာ စက်ရုံ တာဝန်ရှိသူတွေက နည်းပညာ မတတ် လုပ်ထုံးလုပ်နည်းမမှန် ဖြစ်သလို လုပ်စားနေမှန်းသိသွားတော့ ခိုးထုတ်မရအောင်လုပ်တယ် ရွာထဲသယ်သွားတဲ့မြေထဲမှာ လိုရာထုတ် မလိုတဲ့ လူသား တွေ ဒုက္ခပေးမဲ့ဓါတ်သဘာဝတွေရောယှက် ပါနေတော့ ရွာသူ ရွာသားတွေခံရမှာစိုးလို့ ကုမ္မဏီက လုံခြုံရေး တင်းကြပ်တာ ခုအကြံအဖန် မမိကြတော့ဘူး ရွာတွေကိုလိုက်စစ်ကြည့် ဒုတ္ထာချက်တဲ့ဖိုတွေရှိတယ် ရတဲ့ဒုတ္ထာကို ဓါတ်ခဲစက်ရုံတွေကဝယ်တယ် တရုတ်ပြည် ကဝယ်တယ် ကြေးနီစက်ရုံကြောင်သဘာဝပတ်ဝန်းကျင် ထိခိုက်ရတာ ရွာသားတွေထိခိုက်ရတာမဟုတ်ဘူး ခိုးပြီး ရွာထဲသယ် အပြိုင်လုပ်လို့ ထိခိုက်ရတာဖြစ်တယ် ခုမှ ခိုးဖွက်မရ တော့လို့ အငြိုးထားပြီး နင်တို့ ငါ့ အကြောင်း သိစေရမယ် ကြိမ်းဝါးတယ် ဆန္ဒအမျိုးမျိုးပြ ဘူန်းကြီတွေဘုမသိ ဘမသိပါလာကြ ခံရ မအေးနက် သွဲ့သွဲ့ဝင်း ဆိုတဲ့ မိန်းမဖျက် ပြည်ပျက်စကားပုံ မှန်လိုက်လေ ဆိုပြီး ပြာပုံမရောက်ခင် တင်ပြလိုက်တာပါ လက်ပတောင်းတောင်ရပ်စဲရေးကနေ ဘေးချော်ပြီး လွှတ် တော် ထဲက တပ်မတော်သားကိုယ်စားလှယ်နှုတ်ထွက် ရေးအထ်တောင်းဆိုနေတဲ့ဘုန်းကြီးတွေကိုပြန်တောင်းဆို လိုက်မယ် ပရိပတ် ပရိယတ် မလုပ်တဲ့ ဘုန်းကြီးတွေ သင်္ကန်းချွတ်ရေး ဒို့အရေး ထေရဝါဒသာသနာဖျက်ဆီး နေတဲ့ သံဃာ တုတွေ နှုတ်ထွက်ရေး ဒို့အရေး သာသနာတော် သန့်ရှင်းရေး အမြန်ဆောင်ရွက်ရေး ဒို့အရေး ဓမ္မာစရိယ မအောင်ရင် သင်္ကန်းမဝတ်ရေး ဒို့အရေး ဝိပဿနာ မကျင့်ရင် တောထွက်မလူပ်ရေး ဒို့အရေး လို့ ဆန္ဒပြ တောင်းဆိုကြပါတော့မယ်
စစ်တက္ကသိုလ်ကဘိုနေမျိုးဇင်ကိုယဉ်ကျေးအောင်သင်မပေးလိုက်ဘူးလား ခွေးလောက်တောင်အဆင့်မရှိတဲ့နေမျိုး
ဇင်ကြောင့် အပတ်စဉ် ၃၉ သိက္ခာကျတယ်ကွာ
သာသနာတော် သန့်ရှင်းရေးကို အမြန်ဆုံးဆောင်ရွက်သင့် ပါပြီ။ လွှတ်တော် ကိုယ်စားလှယ်ကြီးများ လွှတ်တော်ကနေ အမြန်ဆုံး ဆောင်ရွက်ပေးကြပါ။ ဆွမ်းလောင်းနေရတဲ့ ပြည်သူတွေ ငရဲတွေ ကြီးလှပါပြီ။
[၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် နောက်ဆုံးထား တောင်းပန်ခြင်း မရှိပါက နိုင်ငံအဝှမ်း အထွေထွေသပိတ် ဆင်နွဲသွားမည်ဟု မန္တလေးမှ ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် ဦးပဉ္စင်း ဦးဥတ္တမသာရ က မိန့်ကြားသည်။
“ပြင်ဆင်ထားတာက ဦးပဉ္စင်းတို့ နေ့လည် ၁ နာရီမှာ စမယ်။ တနိုင်ငံလုံး ၁ နာရီမှာ လုပ်မယ်။ လုပ်တဲ့အခါမှာ ဦးပဉ္စင်းတို့ သံဃာတွေ ရှေ့ကနေ သွားမယ်။ နောက်ကနေ ကျောင်းသားတွေ လိုက်မယ်။ ကျောင်းသားနောက်ကမှ
ပြည်သူတွေ လိုက်မယ်” ဟု စီစဉ်ထားရှိမှုကို မဇ္ဈိမအား မိန့်ဆိုသည်။]
လာပြန်ပြီ...ဘုန်းကြီးကရှေ့ဆုံးက
ပြီးတော့ကျောင်းသား
နောက်ကမှပြည်သူတွေ...တဲ့
သူတို့ထင်နေတာဘုန်းကြီး နဲ့ ကျောင်းသား ကို
ရှေ့ဆုံမှာထားရင် ၊ သက်ဆိုင်ရာက မဖြို ခွင်းရဲဘူးလို့ထင်နေသေးသလား? မသိဘူး
ဘုန်းကြီးတွေမီးလောင်ခံရတာတောင်မမှတ်သေးဘူး
စမ်းကြည့်လိုက်လေ..ကြာသလား လို့
2013 နှစ်သစ်နှစ်ဆန်းရဲ့နေ့ ကိုတောင်မကူးချင်ကြဘူးထင်တယ်
.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်