From : Online Book Club (Yangon)
The Voice Weekly ဂျာနယ် သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ထုတ် Vol 8,No 48 စာမျက်နှာ ၁၈ တွင် ဘဝနွံထဲက အကြွေပန်းလေးများ ဟုဆိုသော ခေါင်းစဉ်ဖြင့် လမ်းမကြီးဘေးတွင် မကောင်း တာလုပ်စားသော(ဖာ) ပြည့်တန်ဆာ အမျိုးသမီးများဘဝ အား ဆောင်းပါး တစ်ပုဒ်ဖော်ပြခဲ့ရာတွင် ထိုဆောင်းပါးတွင် ပါရှိသော ဓါတ်ပုံမှာ လမ်းဘေးတနေရာတွင် အမျိုးသမီးငယ်တစ်စု စုစည်းနေပုံကို ပိုင်ရှင်မသိပဲ ခိုးယူရိုက်ယူခဲ့ပြီး ဆောင်းပါးနဲ့ တွဲစပ်၍ ပြည့်တန်ဆာ(ဖာ)များအသွင် သရုပ်ဖော် ခဲ့ပါသည် ။ ထို့နောက် ယခုအခါ ထိုဓါတ်ပုံကြောင့် ပြဿနာများ ဖြစ်ပွါးလာပြီဖြစ်သောကြောင့် ဖြေရှင်းချက် ဟု ခေါင်းစဉ်တပ်ကာ ထိုအမျိုးသမီး ၄ ဦးမှာ ပြည့်တန်ဆာ(ဖာ)များမဟုတ်ကြောင်း ပြန်လည်ရေးသားသော်လည်း တောင်းပန်ခြင်း ဝန်ခံခြင်း အလျင်းမပြုလုပ်ပဲ ဝတ်ကြေတန်းကြေ ဖြေရှင်းချက်ဟု၍ ထုတ်ခဲ့ပါသည် ။
ထိုဓါတ်ပုံကြောင့် ဓါတ်ပုံတွင် ပါရှိလာသော အမျိုးသမီးတစ်ဦးဖြစ်သူ (ထဘီဝတ်ဆင်ထားသူ) မအေးအေးနွယ် (အမည်ပြောင်းထား) ဆိုသူ သည် စမ်းချောင်းမြို့နယ်ရှိ အိမ်ခြံမြေ ဝယ်/ရောင်း အကျိုးဆောင် ကုမ္မဏီတွင် အလုပ်လုပ်နေရာမှ နှူတ်ထွက်ခဲ့ရပြီး ပတ်ဝန်းကျင်တွင် အရှက်ကွဲကာ ယခုအခါဆေးခန်းတစ်ခုတွင် depression ခေါ် စိတ်ဓါတ်ကျဆင်းခြင်း ဖြစ်နေ၍ စိတ်ရောဂါကု ဆရာဝန်တစ်ဦးနှင့် ကုသနေရပါသည်
www.MyanmarExpress.net

9 comments:
DASSk wants as nicket democrcy. 88 , aung than htut all the same.
တရားမစွဲ ဘူးလား
" ဘ၀နွံထဲက အကြွေပန်းလေးများ " ခေါင်းစဉ်နဲ့ ယှဉ်တွဲပြီး ဓာတ်ပုံကို ကျော်မင်းဆွေရဲ့ သမီး၊ တူမ၊ ညီမ ဓာတ်ပုံနဲ့ ယှဉ်တွဲပြီး facebook မှာ တင်ပေးပါဗျို့၊ ရှယ်ပေးချင်လို့ပါ။
ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ သူများ သားသမီးပုံကို ယူသုံးတဲ့ The Voice အယ်ဒီတာ ကျော်မင်းဆွေရဲ့ သမီး၊ တူမ၊ ညီမ ဓာတ်ပုံနဲ့ ယှဉ်တွဲပြီး " ဘ၀နွံထဲက အကြွေပန်းလေးများ " ကို facebook မှာ ပြန်ဖြန့်ပေးစေလိုပါတယ်
တကယ်ကြီး ပြောတာပါ။

မီဒီယာတွေကိုဘယ်လို ယုံစားကြမှာလဲ
အရှက်ကွဲတဲ့သူက မျက်နှာပြစရာမရှိအောင်ဖြစ်သွားတာတောင်
ဖြေရှင်းခြင်းတဲ့လား၊ ၀တ်ကျေတန်းကျေပါလား။ ရိုက်သတ်ပစ်ဖို့
ကောင်းတဲ့ကောင်တွေကွာ။ တောက်......
ဒါနဲ့များမီဒီယာ လွတ်လပ်ခွင့်ဆိုပြီး စောက်ရှက်မရှိ
တောင်းရဲတယ် သူတို့မဟုတ်တာရေးတော့ဖြေရှင်း
ခြင်းဆိုပြီး ရရောလား ....ပဲမင်းတို့ရမယ်
journal တွေဟာလွပ်လွပ်လပ်လပ် ရေးသားနိုင်တယ်ဆိုတိုင်း မှန်ကန်မှုရှိတာတွေကို ပဲရေးသားသင့်တယ်လို့ထင်မိပါတယ် မဟုတ်မမှန် သတင်းတွေကိုလည်း ဖော်ပြထားတယ်ဆိုတော့
သူတစ်ပါးအတွက် ထိခိုက်နစ်နာမှုရှိတယ်ဆိုတာသိစေချင်ပါတယ်။
မှန်တာကိုပြောရင် ဘာမှမဖြစ်ပါဘူး ဒါပေမယ့်ရောင်းအားတက်တိုင်း ဒိလိုမဟုတ်မမှန်သတင်းတွေကိုဖော်ပြတာတော့မကောင်းပါဘူး။
မီဒီယာလွတ်လပ်ခွင့် အကြောင်းပြပြီး ပြည်သူလူထုကိုစော်ကါးလုပ်စားနေတာ ကြာပါပြီ။ မီဒီယာ သမားတို့ ထုံးစံ၊ ဒါပါဘဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်