Subscribe to our RSS Feed

လာမည့်နှစ် အတွင်း မော်တော်ယာဉ်များ အတွက် CNG အလုံအလောက် ပေးနိုင်မည်

From :မြဝတီ


၂ဝ၁၃ ခုနှစ် ဒုတိယ နှစ်ဝက်ကာလ အတွင်း မော်တော်ယာဉ်သုံး CNG ဓာတ်ငွေ့များ အလုံအလောက် ပေးနိုင်တော့မည် ဖြစ်ကြောင်း မထသ(ဗဟို)မှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပြည်သူမျ
ား သွားလာမှု လွယ်ကူစေရေး အတွက် City Bus ယာဉ်ကြီးများကို ဦးစားပေး ၍ CNG ချထားပေးလျက်ရှိပြီး Taxi ယာဉ်အများစု မှာမူ CNG အလုံအလောက် ရရှိခြင်း မရှိသေးကြောင်း သိရသည်။

ရန်ကုန်မြို့မှ မော်တော်ယာဉ် လုပ်ငန်းရှင်များက CNG အလုံအလောက် ရရှိမည် ဆိုပါက မော်တော်ယာဉ်လိုင်းများ တိုးချဲ့ ပြေးဆွဲရန် လျှောက်ထားမှု များ ရှိနေပြီး မထသ (ဗဟို)မှလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးမည် ဖြစ်၍ ခရီးသွား ပြည်သူများ အတွက် သွားလာမှု ပိုမို အဆင်ပြေ လာမည် ဖြစ်ကြောင်း သိရသည်။

  www.MyanmarExpress.net
 

1 comments:

[၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် နောက်ဆုံးထား တောင်းပန်ခြင်း မရှိပါက နိုင်ငံအဝှမ်း အထွေထွေသပိတ် ဆင်နွဲသွားမည်ဟု မန္တလေးမှ ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် ဦးပဉ္စင်း ဦးဥတ္တမသာရ က မိန့်ကြားသည်။
“ပြင်ဆင်ထားတာက ဦးပဉ္စင်းတို့ နေ့လည် ၁ နာရီမှာ စမယ်။ တနိုင်ငံလုံး ၁ နာရီမှာ လုပ်မယ်။ လုပ်တဲ့အခါမှာ ဦးပဉ္စင်းတို့ သံဃာတွေ ရှေ့ကနေ သွားမယ်။ နောက်ကနေ ကျောင်းသားတွေ လိုက်မယ်။ ကျောင်းသားနောက်ကမှ
ပြည်သူတွေ လိုက်မယ်” ဟု စီစဉ်ထားရှိမှုကို မဇ္ဈိမအား မိန့်ဆိုသည်။]

လာပြန်ပြီ...ဘုန်းကြီးကရှေ့ဆုံးက
ပြီးတော့ကျောင်းသား
နောက်ကမှပြည်သူတွေ...တဲ့

သူတို့ထင်နေတာဘုန်းကြီး နဲ့ ကျောင်းသား ကို
ရှေ့ဆုံမှာထားရင် ၊ သက်ဆိုင်ရာက မဖြို ခွင်းရဲဘူးလို့ထင်နေသေးသလား? မသိဘူး

ဘုန်းကြီးတွေမီးလောင်ခံရတာတောင်မမှတ်သေးဘူး
စမ်းကြည့်လိုက်လေ..ကြာသလား လို့
2013 နှစ်သစ်နှစ်ဆန်းရဲ့နေ့ ကိုတောင်မကူးချင်ကြဘူးထင်တယ်
.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်