Subscribe to our RSS Feed

ဆိုက်ဘာမှ ထိုးဖောက် လာမှုများကို တန်ပြန် တိုက်ခိုက်မှုများ ဆက်တိုက်ဆောင်ရွက် သွားမည်ဟု အီရန်ရေတပ် ဗိုလ်ချုပ်ကြီး AMIR RASTEGARI က ပြော

From :ဲမြ၀တီ


အီရန် နိုင်ငံသည် ဒေသတွင်း၌ ငြိမ်းချမ်းရေး ထိန်းသိမ်းရန်နှင့် ၎င်း၏ ရေကြောင်း ပိုင်နက်အား ကာကွယ်ရန် Velayat -91 စစ်ရေး လေ့ကျင့်ခန်းအား ဒီဇင်ဘာလ ၂၈ ရက်နေ့ မှစတင်၍ ၆ ရက်ကြာ ပြုလုပ်သွားမည်ဟု သိရှိရပါသည်။

အဆိုပါ လေ့ကျင့်ခန်းတွင် ရေတပ်ဆိုင်ရာ ဆိုက်ဘာ ကာကွယ်ရေး လုပ်ငန်းများကို အောင်မြင်စွာ ပြုလုပ် ခဲ့သည်ဟု သိရှိရပါသည်။ အီရန်ရေတပ် ဆိုက်ဘာ ကာကွယ်ရေး တပ်ဖွဲ့များသည် ကွန်ပျူတာ ကွန်ရက်မှ တစ်ဆင့် ဆိုက်ဘာ လုံခြုံရေး ထိုးဖောက် လာမှုများကို ကာကွယ်ရန်နှင့် စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများကို ပြုလုပ်ခဲ့ပါသည်။

ဆိုက်ဘာမှ ထိုးဖောက် လာမှုများကို ကာကွယ်မှုများ ချက်ချင်း ပြုလုပ်ပြီး တန်ပြန် တိုက်ခိုက်မှုများ ဆက်တိုက်ဆောင်ရွက် သွားမည်ဟု အီရန်ရေတပ် ဗိုလ်ချုပ်ကြီး Amir Rastegari က ပြောဆိုခဲ့ ပါသည်။ အီရန် နိုင်ငံသည် ဆိုက်ဘာ တိုက်ခိုက်မှု များကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန် အတွက် လွန်ခဲ့သော နှစ်များကပင် အဓိကထား ဆောင်ရွက် ခဲ့ကြောင်း သိရှိရ ပါသည်။

.
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်