Subscribe to our RSS Feed

အဖေနှင့်သမီးအတူနေကလေးရရှိပြီးပတ်ဝန်းကျင်မှ မသင်္ကာ ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားဖမ်းဆီး

From : မောက

အသက် ၄၆ နှစ်အရွယ် ဂျော့ ဆေယာနှင့် သမီးဖြစ်သူ အသက် ၂၃ နှစ် အရွယ်ရှိ တစ်ဖနီ ဟာ့တ်ဖို့ဒ် တို့သည် တစ်အိမ်တည်း အတူနေကြပြီး  ကလေးတစ်ယောက်ရရှိ လာသဖြင့် ပတ်ဝန်းကျင်မှ သင်္ကာမကင်း ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားခဲ့ကြသည်။
တာဝန်ရှိသူများက သမီးနှင့် ဖခင်တို့၏ DNA များကို စစ်ဆေးသောအခါမှ ထိုကလေးသည် သူတို့နှစ်ဦး၏ ကလေးဖြစ်နေကြောင်း သိရှိခဲ့ရသည်။

ဘီသဲလ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဟာ့တ်ဖို့ဒ်၏ ယခင် သူငယ်ချင်းဖြစ်သူက သတင်းပေး သဖြင့် သူတို့နှစ်ဦးကိုခေါ်ကာ DNA စစ်ဆေးခဲ့ ရခြင်းဖြစ်ကြောင်း၊ ဟာ့တ် ဖို့ဒ်သည် သူတို့ကို အပြာ စာအုပ်နှင့် ဓာတ်ပုံများ၊ ဗီဒီယိုကားများ လာရောင်းလေ့ရှိကြောင်း၊ ထိုအလုပ်ကို သူမသည် အသက် ၁၆ နှစ်အရွယ် ကတည်းက လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ရဲများက သူတို့အိမ်သို့ဝင်ရောက်စစ်ဆေးရာတွင် ဂျော့ ဆေယာ၏ ကွန်ပျူတာအတွင်းမှ သမီးဖြစ်သူ ကိုယ် တိုင် ၀တ်လစ် စလစ်ဖြင့် ပုံစံအမျိုးမျိုးပေးပြီး ရိုက်ကူးထားသည့်ပုံများကို တွေ့ခဲ့ရသည်။ သမီးဖြစ်သူက သူမ သည် ကိုယ်တိုင် ဖခင်ဖြစ်သူနှင့် ကိုယ်ဝန်မရမီက အပြာဇာတ်လမ်းများတွင် သရုပ်ဆောင်ခဲ့ရကြောင်း ၀န်ခံ ထွက်ဆို ခဲ့သည်။

ဟာ့တ်ဖို့ဒ်၏ သူငယ်ချင်းဖြစ်သူက သူမသည် ထိုအခွေများကို တစ်ခွေလျှင် ဒေါ်လာ ၄၀ ဖြင့် လိုက်လံေ ရာင်းေ န ကြောင်း၊ ဓာတ်ပုံများကိုလည်း တစ်ပုံလျှင် ၅ ဒေါ်လာဖြင့်ရောင်းကြောင်း၊ သူတို့ သားအဖ အတူနေ သည်ကို သူမ ကိုယ်တိုင်တွေ့မြင်ခဲ့ရကြောင့် ၀န်ခံပြောဆိုခဲ့သည်။

ရဲများကစစ်ဆေးစဉ် ပထမ၌ သူတို့နှစ်ဦးစလုံး ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်း စစ်ဆေးမှု ရလဒ် ထွက် လာ မှ သူမ၏ မိခင်ဖြစ်သူကလည်း အစ်ကိုဖြစ်သူနှင့် အတူအိပ်ပြီး၊ သူမကိုယ်တိုင် ဖခင်နှင့်အတူ အိပ်ခဲ့ ရကြောင်း ၀န်ခံ သွားသည်ဟု သိရသည်။

သားအဖနှစ်ဦးစလုံးကို လက်ရှိစစ်ဆေးရန် ဖမ်းထားပြီး မဖွယ်မရာပြုလုပ်မှု၊ ပူးပေါင်းကြံစည်မှု၊ တရားမ၀င် ဓာတ်ပုံနှင့် ဗီဒီယိုခွေများရောင်းချမှုတို့ဖြင့် ဖမ်းဆီးအရေးယူသွားမည်ဟုသိရသည်။

 www.MyanmarExpress.net
 

4 comments:

လူတွေကလူမဟုတ်ကြတော့ဘူးလားသတင်းဖတ်မိတာနဲ့
တောင်တုန်လှုပ်မိတယ်

တစ်ချို့မူဆလင်ကုလားတွေမှာလည်းဒါမျိုးကရှိပါတယ်

ဟုတ်ပါတယ်မူဆလင်တွေမှာတော့ဒါမျိုးကမဆန်းပါဘူး

ma a loe minn doe , mar be shi dae anawrahtar tamaine go pyan kyi lite

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်