From : The Voice
သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရားစွဲ ဆိုနိုင်သည့် ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။
အသစ်ထုတ်ပြန်လိုက်သော ဥပဒေတွင် မိဘများထံသို့ သွားရောက် လည်ပတ်ရမည့် အကြိမ်ရေအတွက် ကို တိကျစွာ ထည့်သွင်း ဖော်ပြ မထားပေ။
သို့ သော်လည်း မိဘများထံသို သွားရောက် ကြည့်ရှုခြင်း မရှိဘဲ ပစ်ထားသည့် သားသမီးများကို တရားစွဲ သွားမည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင်းရှိ သက်ကြီးရွယ်အို မိဘများကို သားသမီးများက ဂရုမစိုက်ဘဲ စွန့် ပစ်ထားသည့် သတင်းများ၊ မိဘများထံမှ အမွေပစ္စည်းများကို သိမ်းယူရန် ကြံစည်သည့် သတင်းများနှင့် နေအိမ်များ အတွင်း ကြည့်ရှုမည့်သူ မရှိ အထီးကျန် သေဆုံးသည့် သတ်ကြီးရွယ်အိုများ အကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါ ဥပဒေ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
စီးပွားရေး ဖွံ့ဖြိုး တိုးတတ်လာမှု နှင့်အတူ တရုတ်ရိုးရာ မိသားစု အစဉ်အလာများ ပျောက်ဆုံးလာကြောင်း သတင်းတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံတွင်း အသက် ၆၀ အရွယ် လူဦးရေ ၁၆၇သန်း ရှိပြီး အသက် ၈၀ အထက် လူဦးရေ ၁ သန်း ကျော်ရှိသည်။
ယင်းကဲ့သို့ တဖြည်းဖြည်း တိုးပွားလာသော သက်ကြီးရွယ်အိုများ အတွက် တခြားသော ရွေးချယ်စရာများဖြစ် သော လုပ်ငန်းခွင် အနားယူပြီးနောက်ပိုင်း အစီအစဉ်များ၊ စောင့်ရှောက် ထိန်းသိမ်းရေး ဂေဟာများမှာလည်း နည်းပါးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။.
www.MyanmarExpress.net
သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရားစွဲ ဆိုနိုင်သည့် ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။
အသစ်ထုတ်ပြန်လိုက်သော ဥပဒေတွင် မိဘများထံသို့ သွားရောက် လည်ပတ်ရမည့် အကြိမ်ရေအတွက် ကို တိကျစွာ ထည့်သွင်း ဖော်ပြ မထားပေ။
သို့ သော်လည်း မိဘများထံသို သွားရောက် ကြည့်ရှုခြင်း မရှိဘဲ ပစ်ထားသည့် သားသမီးများကို တရားစွဲ သွားမည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင်းရှိ သက်ကြီးရွယ်အို မိဘများကို သားသမီးများက ဂရုမစိုက်ဘဲ စွန့် ပစ်ထားသည့် သတင်းများ၊ မိဘများထံမှ အမွေပစ္စည်းများကို သိမ်းယူရန် ကြံစည်သည့် သတင်းများနှင့် နေအိမ်များ အတွင်း ကြည့်ရှုမည့်သူ မရှိ အထီးကျန် သေဆုံးသည့် သတ်ကြီးရွယ်အိုများ အကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါ ဥပဒေ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
စီးပွားရေး ဖွံ့ဖြိုး တိုးတတ်လာမှု နှင့်အတူ တရုတ်ရိုးရာ မိသားစု အစဉ်အလာများ ပျောက်ဆုံးလာကြောင်း သတင်းတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံတွင်း
ယင်းကဲ့သို့ တဖြည်းဖြည်း တိုးပွားလာသော သက်ကြီးရွယ်အိုများ အတွက် တခြားသော ရွေးချယ်စရာများဖြစ် သော လုပ်ငန်းခွင် အနားယူပြီးနောက်ပိုင်း အစီအစဉ်များ၊ စောင့်ရှောက် ထိန်းသိမ်းရေး ဂေဟာများမှာလည်း နည်းပါးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။.
www.MyanmarExpress.net

.jpg)
3 comments:
မြန် မာ နိုင် ငံ တွင် လည်း ထုတ် ပြန် သင့် ပါ သည် တစ် ချို့ သော သား သ မီး များ သည် မိ ဘ များ ကို တောင်း ရမ်း ခိုင်း ပြီး နေ မ ကောင်း လို့ မ တောင်း ရင် တောင်း တဲ့ ငွေ မ ပြည့် လျှင် ဆဲ ဆို ရိုက် တတ် ပါ တယ်
အဲဒါအနောက်တိုင်းကလူတွေဆီကကူးလာတာ။
သူတို့ဆီမှာကိုယ်ရကိုယ်သုံးတဲ့စနစ်
အရွယ်ရောက်ရင်အိမ်ကထွက်ပြီးနေ၊မိဘကိုအစိုးရ
ဆီကထောက်ပံ့စရိတ်နဲ့စားခိုင်းပြီးလှည့်မကြည့်ကြဘူး
မြန်မာပြည်မှာလဲဒါမျိုးတွေများလာပါပြီ
တရုတ်အစိုးရလိုဥပဒေထုတ်ပြီးကိုင်နိုင်မှတော်ရုံကျမယ်
ပြီးတော့မြန်မာပြည်မှာကအစိုးရထောက်ပံကြေးလဲမရှိတော့
ပိုတောင်ဆိုးသေးတယ်
.
မှတ်ထားကြ နောက်ပေါက်လူသားလေးတွေ
နညိးပညာ စိးပွား ကို လောဘတကြိး စောင်းပေးလို့ 
မေတ္တာ စေတနာ ကူညီမူ စောက်ရှာက်မူ လေးစားရိုသေမူ စည်းလုံး ညီညွတ်မူ ချစ်ခင်နွေးထွေးမူ
စိတ်ခွန်အား သမာဓိတွေ ဘာသာတရားတွေ ယဉ်ကျေိးမူတွေ ပျက်ကုန် ပျောက်ကုန်တာဘဲ
ဖုတ်ပူမိးတိုက် သွားလာနေထိုင်လုပ်ကိုင်သေကြ ပြိတ္တာ
ငရဲဘုံရောက်ကြ လူ၁သိန်းသေလို့  လူတယောက်လောက်တောင်ပြန်မဖြစ်ဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်