Subscribe to our RSS Feed

ဟိုပင် ဘူတာနှင့် နန့်ခွင် ဘူတာ အကြားတွင် ဒီဇင်ဘာ ၁ ရက်နေ့က မိုင်းကွဲ

From : မြဝတီ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ည ၁၁ နာရီ ၁ဝ မိနစ်က မန္တလေး- မြစ်ကြီးနား လမ်းရှိ ဟိုပင် ဘူတာနှင့် နန့်ခွင် ဘူတာ အကြားတွင် မိုင်း ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ အမှတ်(၄၃) အဆန် ပါဆယ် ရထားသည် အဆိုပါ ဘူတာ နှစ်ခု အကြားရှိ ကြေးနန်းခန်း အမှတ် (၃)နှင့် (၄)သို့ အရောက်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အနောက်ဘက် သံလမ်း နှစ်ပေခန့် ပြတ်ထွက်၍ သစ်သား ဇလီဖား နှစ်တုံး၊ ကွန်ကရစ် ဇလီဖား တစ်တုံး ပျက်စီးခဲ့ပြီး ဘရိတ်တွဲ အမှတ် BBEZ 10584 လေးဘီး လမ်းချော် ခဲ့ကြောင်း၊ လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် လမ်းပိုင်း အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် မြန်မာ့မီးရထား ဝန်ထမ်းများက ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်