From : http://www.kachindailynews.com/2013/01/blog-post_9327.html
၂၀၁၃ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့တွင် မြင်တွေ့ရသော KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်၏ သက်သေခံချက် အင်တာဗျူးအား မြင်တွေ့ခဲ့ရပြီးနောက် ယခုစာအားရေးသားလိုက်ရခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ် ဂမ်ရှောင်မှ အစိုးရနှင့် တိုက်ပွဲကာလတလျှောက်လုံးတွင် ထာဝရဘုရားသခင်သည် KIAအဖွဲ့နှင့် အတူရှိကြောင်း၊ ဘုရားသခင်စောင့်ရှောက်သဖြင့် KIA တို့ အကျအဆုံးနည်းကြောင်း၊ လက်နက်အသစ် များကို စမ်းသပ်သုံးစွဲ ခဲ့သော်လည်း အောင်မြင်မှုရရှိကြောင်း စသည်ဖြင့် ပြောဆိုကာ ကချင်လူမျိုးများအာ ဘာသာရေး လူမျိုးရေး မှိုင်းတိုက်ခဲ့သည်။ အစိုးရသည် နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာ ဆွေးနွေးရန် မလိုလားပဲ လက်နက်ကိုင် တိုက်ခိုက်သည့် နည်းလမ်းကိုသာ ရွေးချယ် ထားကြောင်း စွပ်စွဲပြောဆို ခဲ့ပါသည်။ အဆိုပါ အင်တာဗျူးအား ကြည့်ရှုပြီးနောက် ကချင်ပြည်နယ် မငြိမ်းချမ်း ရခြင်း၏ အဓိက အကြောင်း ရင်းအား ထုတ်ဖော်ချင်စိတ်များ ပေါ်ပေါက်လာခဲ့ရပါသည်။
www.MyanmarExpress.net
၂၀၁၃ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့တွင် မြင်တွေ့ရသော KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်၏ သက်သေခံချက် အင်တာဗျူးအား မြင်တွေ့ခဲ့ရပြီးနောက် ယခုစာအားရေးသားလိုက်ရခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ် ဂမ်ရှောင်မှ အစိုးရနှင့် တိုက်ပွဲကာလတလျှောက်လုံးတွင် ထာဝရဘုရားသခင်သည် KIAအဖွဲ့နှင့် အတူရှိကြောင်း၊ ဘုရားသခင်စောင့်ရှောက်သဖြင့် KIA တို့ အကျအဆုံးနည်းကြောင်း၊ လက်နက်အသစ် များကို စမ်းသပ်သုံးစွဲ ခဲ့သော်လည်း အောင်မြင်မှုရရှိကြောင်း စသည်ဖြင့် ပြောဆိုကာ ကချင်လူမျိုးများအာ ဘာသာရေး လူမျိုးရေး မှိုင်းတိုက်ခဲ့သည်။ အစိုးရသည် နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာ ဆွေးနွေးရန် မလိုလားပဲ လက်နက်ကိုင် တိုက်ခိုက်သည့် နည်းလမ်းကိုသာ ရွေးချယ် ထားကြောင်း စွပ်စွဲပြောဆို ခဲ့ပါသည်။ အဆိုပါ အင်တာဗျူးအား ကြည့်ရှုပြီးနောက် ကချင်ပြည်နယ် မငြိမ်းချမ်း ရခြင်း၏ အဓိက အကြောင်း ရင်းအား ထုတ်ဖော်ချင်စိတ်များ ပေါ်ပေါက်လာခဲ့ရပါသည်။
ယခုကချင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအား
ပြန်လည်လေ့လာကြည့်ပါက KIA အဖွဲ့မှ စတင်ပြီး ငြိမ်းချမ်းရေးသဘောတူစာချုပ်ပါ အချက်များအား
ချိုးဖောက်ခဲ့ကြောင်းတွေ့ရသည်။ အကြမ်းဖက် သမား KIA အဖွဲ့သည် သမိုင်းကြောင်း မကောင်းခဲ့ပဲ
ဘဏ်ဓားပြများမှ စုစည်းဖွဲ့စည်းထားခြင်း ဖြစ်သည်။ အဖွဲ့အတွင်း အာဏာလုမှု၊ လူသတ်မှု၊ ငွေကြေးအလွဲသုံးစားလုပ်မှု
စသည်ဖြင့် အလွန်တရာ ရှုပ်ထွေးလှသော အဖွဲ့လည်းဖြစ်သည်။
၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး
သဘောတူစာချုပ်ချုပ်ဆို နိုင်ခဲ့သော်လည်း တိုက်ပွဲများ စတင်မဖြစ်ပွားမီ ၁၇ ကျော်ကာလအတွင်း
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မည့်သည့်လုပ်ဆောင်မှုမျိုးမျှ လုပ်ဆောင်ခဲ့ခြင်းမရှိ။ ကချင်ပြည်နယ်အတွင်းရှိ
သဘာဝသယံဇာတများကိုသာ ခိုးယူပြီး ရောင်းချခြင်းဖြင့် KIA ခေါင်းဆောင်များ ချမ်းသာကြွယ်ဝ
လာကြသည်။ လက်အောက်ခံအဖွဲ့များမှာမူ ဆန်လက်တစ်ဆုပ်အား ဆားမပါ ငြုတ်သီးမပါသော ပိန်းဥပြုတ်ဟင်းဖြင့်
အသက်ဆက်ခဲ့ရသည်။ ထိုကဲ့သို့ ဆင်းရဲဒုက္ခခံ နေရသော်လည်း KIA ခေါင်းဆောင်များကို ကြောက်ရွံ့ထိတ်လန့်သဖြင့်
အပြစ်မပြောရဲခဲ့ပါ။ စတင် ဖွဲ့စည်းစဉ် ရည်ရွယ်ချက်မှာ ကချင်လူမျိုးများ ကောင်းစားရေး ဆိုသော်လည်း လက်တွေ့တွင်မူ KIA ခေါင်းဆောင်များကြောင့်
ကချင်ပြည်နယ်တစ်ခုလုံး ဒုက္ခပင်လယ်ဝေနေကြရပါသည်။
လက်ရှိအခြေအနေတွင် KIO/KIA အဖွဲ့အတွင်းအာဏာရှိသူများမှာ
KIO ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ၊ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်နှင့်
ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ဖြစ်သည်။ KIO ဥက္ကဌ ဦးဇောင်းဟရားကိုမူ ရုပ်သေးရုပ်အဖြစ်သာ
ထားရှိခြင်းဖြစ်သည်။ အင်ဘန်လသည် KIA စစ်ဦးစီးချုပ်ကာလတွင် အာဏာသိမ်းပွဲပြုလုပ်ကာ နေရာရလာသူဖြစ်ပြီး၊
ငယ်သားများအပေါ် ရက်စက် တတ်မှုကြောင့် နာမည်ကြီးသည်။ ထို့အတူ ဂမ်ရှောင်သည်လည်း တပ်ရင်းမှူးဘ၀တွင်
စပေါ့မှော် လူသတ်မှုကြောင့် ထင်ပေါ်ကြော်ကြားသည်။ ဂွမ်မော်သည်ကား ၄င်းတို့နှင့်မတူပဲ တစ်မျိုးတစ် ဘာသာ ထူးခြားသည်။
ကောက်ကျစ်ယုတ်မာတတ်ပြီး အငြိုးအတေးကြီးသူဖြစ်သည်။ မိန်းမလိုက်စားမှုကြောင့် နာမည်ကြီးပြီး
သားဖောက်ရေးတာဝန်ခံအဖြစ် နောက်ပြောင်နာမည်ပေးခြင်းခံရသူဖြစ်သည်။ ထိုကဲ့သို့ လူယုတ်မာများ
ဦးဆောင်နေသော အဖွဲ့အစည်းတစ်ခု အနေဖြင့် မည်သို့မျှ ကောင်းစရာလမ်းမရှိပါ။
စစ်ပွဲကာလအတွင်း KIA အဖွဲ့များသည် ဂမ်ရှောင်၏
အမိန့်ဖြင့် ကချင်လူမျိုးအချင်းချင်း ဒုက္ခပေးခဲ့ ရသည်။ လူမျိုးတူချင်း မုန်းတီးခံရသဖြင့်
တိုက်ပွဲများနှင့်အဖျက်လုပ်ငန်းများအား ဆက်လက်လုပ်ကိုင်လိုစိတ် မရှိသဖြင့် အစိုးရထံအလင်းဝင်ရောက်လာခဲ့သူများလည်း
အများအပြားပင်ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း ပြည်သူပိုင် လမ်း/တံတားများ၊ မီးရထားလမ်း၊
ကားလမ်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များ၊ လျှပ်စစ်မီး တာဝါတိုင်များနှင့် မီးရထား/ကားများအား
မိုင်းခွဲဖျက်ဆီးမှုများမှာလည်း မရေတွက်နိုင်အောင် ဆောင်ရွက် ခဲ့သည်။ အပြစ်မဲ့ပြည်သူများအား
ဖမ်းဆီးညှဉ်းပမ်းနှိပ်စက် သတ်ဖြတ် ခြင်း၊ မုဒိန်းကျင့်ခြင်း၊ အဓမ္မလူသစ် စုဆောင်းခြင်း
စသော လူ့အခွင့်အရေး ချိုးဖောက်မှု များအား လည်း တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့သည်။
ကချင်ပြည်နယ်တစ်ခုလုံး အတိဒုက္ခရောက်နေသော်လည်း
အစိုးရကမ်းလှမ်းသော ငြိမ်းချမ်းရေး ဆွေးနွေးချက်များကို လက်မခံနိုင်ကြခြင်းမှာ ငွေကြေးနှင့်
အာဏာတို့တွင် ပျော်ဝင်မက်မော နေခြင်းများ ကြောင့် ဖြစ်သည်။ ပြီးခဲ့သော နိုဝင်ဘာလတွင်
ဗန်းမော်တွင် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု သဘောတူထား ကြသော်လည်း KIA/KIO ဘက်မှ လာရောက်ရန်ပျက်ကွက်ခဲ့သည်။
သို့သော်အစိုးရမှ သဘော ထားကြီး စွာဖြင့် ခွင့်လွှတ်ခဲ့ပြီး ဒီဇင်ဘာလအတွင်းတွင် ရွှေလီ၌ထပ်မံ
တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင်လည်း အဆုံးအဖြတ် ပေးနိုင်သော
KIA အဖွဲ့မှ အရာရှိများ တတ်ရောက်ခြင်း မရှိခဲ့သဖြင့် တိကျသော အဖြေမရရှိခဲ့ပါ။
လက်ရှိကချင်ပြည်နယ်အတွင်း မငြိမ်းချမ်းရခြင်းမှာ
KIO/KIA ခေါင်းဆောင်များတွင်သာ အဓိက တာဝန်ရှိသည်။ တရုတ်ပြည်ထဲတွင် စီးပွားရေးလုပ်ငန်းအများအပြားရှိသော်လည်း
ရလေလိုလေ အိုတစ္ဆေ ကဲ့သို့ ငွေကြေး၊ အာဏာများ မက်မောနေသော KIO/KIA ခေါင်းဆောင်ကြီးများ
ခရစ်တော်၌ အိပ်ပျော် သွားပါက ကချင်တစ်ခုလုံး အေးချမ်းသွားမှာပဲ ဖြစ်ပါသည်။





4 comments:
ဘုရားသခင်နဲ့အတူနေရုံမကဘူး... ဘုရားသခင်ဆီမှာပါအိပ်တော့မှာ...
sleep with jesus h christ. jesus will fuck kachin ass at night. jesus fucks kids too.
ဗ ဗ မာ ပြည် ရှိ လက် နက် ကို င် အား လုံး နီး နီး ဤ ကဲ့ သို့ ပင် ဖြ စ် ပါ တ ယ်။
မာ
နှ မှ ပေး တွေ မင်း နှ မ ပေး တောင် မ ယူ ဘူး တိုင်း ပြည်
သစ္စာ ဖောက် အမီူး ယုတ် တွေ မို့ မ ယူ နိုင် ပါ
တရုတ် မီူး တွေ မို့ မယူ နိုင် ပါ မင်း တို့ ကို မင်း တို့ ဘယ် သူ က မျာ အခက် တွေ ပေး ထား ပါ လိမ့ ဟား ဟား ဟား ဟား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်